Main menu

Background

စတော့ရှယ်ယာတန်ဖိုးကျပ်သန်း၁၁၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့

Mon, 01/01/2024 - 10:47 -- journal_editor

ပြီးခဲ့သည့်  ဒီဇင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်း ၁၁၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် အစုရှယ်ယာ အရေအတွက်မှာ ၄၅၉၉၂ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၁၇ ဒသမ ၂၁ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)  က အစုရှယ်ယာ ၂၁၄၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၈ ဒသမ ၅၂ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၁၅၆၈၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၄ ဒသမ ၇၆ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၂၃၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၇၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၄၃၄၈ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ဝ၉ သန်း ရရှိ ခဲ့သည်။ ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၂၂၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၅၃ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၆၁၈၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂ ဒသမ ၁၃ သန်း ရရှိခဲ့သည်။
ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၂၀၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ၆၄ သန်း၊Myanmar Agro Exchange Public Co.,Ltd. (MAEX) က အစုရှယ်ယာ ၁၅၉၇၀ စောင် ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ၇၆ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့သည်။ 

 

ပန်းဆု