Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ

Mon, 01/15/2024 - 11:32 -- journal_editor

ပြည်တွင်းရှိ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင်  နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (ဗီ) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (ဥညူငညန ွှမေိငညါ)  အတွင်း အ‌ရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ် ပေးမည်မဟုတ်တော့ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူ လိုသူများက တင်သွင်းသည့် ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး ြမေုနအ ျွအေန အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့်  နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲပြောင်းရာတွင်လည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထား သော လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း အဆိုပါထုတ် ပြန်ချက်တွင် ပါရှိသည်။ လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့ က ဈေးနှုန်းကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲ လှယ်နှုန်း မြင့်တက်နိုင်သည်ဟူသည့် မဟုတ်မမှန်သော ကောလာဟလများထုတ်လွှင့် ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။                                                        

  ပန်းဆု