Main menu

Background

ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချ

Fri, 12/09/2022 - 10:46 -- journal_editor

နိုဝင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Company  တို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့  ဘူးသွင်းပြီး စားအုန်းဆီများကို ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ မြို့မဈေးနှင့် ချယ်ရီဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေးနှင့် တပင်ရွှေထီး (တပ်ဈေး)တို့တွင်လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင်လည်းကောင်း ရောင်းချပေးခဲ့သည်။ 
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင်လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗသီရိဈေးတွင်လည်းကောင်း၊ နိုဝင်ဘာ ၂၄ရက်တွင် ပျဉ်မနားမြို့နယ်၊ ယုဇနဈေးတွင်လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးတွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးဈေးတွင်လည်းကောင်း  တစ်ပိဿာ ၅၃၀ဝ ကျပ်နှုန်းဖြင့် လူတစ်ဦးတစ်ပိဿာနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။                            

 ထွန်းမင်းသန့်(နေပြည်တော်)