Main menu

Background

ဆီထွက် နှမ်းသီးနှံ တိုးချဲ့စိုက်ပျိုးရန်

Thu, 01/19/2023 - 12:49 -- journal_editor

ကယားပြည်နယ်တွင် နှမ်းသီးနှံကို အဓိက ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ဘောလခဲခရိုင်တွင် အများဆုံးစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် ရှားတောမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုတွင်လည်း စိုက်ပျိုးကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး) စုစုပေါင်းစိုက်ဧကမှာ ၂၃၃၉၇ ဧကခန့်ရှိခဲ့ပြီး အားလုံးရိတ်သိမ်းခဲ့ပြီးဖြစ်သည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀ ဒသမ ၂၃ တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ ၂၃၉၃၀၃ တင်းခန့်ထွက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းမှာ နှမ်းတစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ခန့်၊ နှမ်း တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကိုကြိတ်ခွဲမည်ဆိုပါက နှမ်းတစ်တင်းလျှင် နှမ်းဆီ ခြောက်ပိဿာ ထွက်ရှိနိုင် ပြီး စုစုပေါင်း ၂၃၉၃၀၃ တင်းကြိတ်ခွဲလျှင် နှမ်းဆီ ၁၄၃၅၈၁၈  ပိဿာ ထွက်ရှိနိုင်သည်။

ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ ခန့်ရှိသည်။ ပြည်နယ်အတွင်း ထွက်ရှိသော နှမ်းများကို ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျှင် ၂၅၁၃ ကျပ်သန်းခန့်ရရှိနိုင်ပြီး ပြည်နယ်အတွင်း ကြိတ်ခွဲရောင်းချလျှင် ကျပ် ၁၇၂၃ သန်းခန့်သာ ရရှိနိုင်သည်။ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချလျှင် ကျပ်သန်း ၇၉၀ခန့် ပိုမိုအမြတ်ရနိုင်သည်။

ထို့ကြောင့် ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကို ဒေသအတွင်း ကြိတ်ခွဲရောင်းချလျှင် တွက်ခြေမကိုက်သဖြင့် ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။                        

(KMS DOCA Kayah)