Main menu

Background

ပြည်တွင်းကုန်သွယ်မှုဖွံ့ ဖြိုးရေး စားသုံးဆီများ ဖြန့်ဖြူးပေး

Wed, 05/10/2023 - 13:56 -- journal_editor

စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီ ညွတ်ပြီး   ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာ သော နှုန်းထားများဖြင့် စားအုန်းဆီများ  ဝယ်ယူ ရရှိစေရေး ရည်ရွယ်လျက် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော် မတီအား    ၁၆.၁၂.၂၀၂၁ ရက်တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့အနေဖြင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီသည့် စားသုံးဆီများ တင်သွင်းရန် ကြီးကြပ် ခြင်း၊ စားသုံးဆီသင်္ဘော (In bulk) ဖြင့် တင်သွင်း ခြင်းအပြင် ကွန်တိန်နာဖြင့် တင်သွင်းခြင်းတို့အား စိစစ်ကြီးကြပ်ခြင်း၊ ပြည်ပမှ  တင်သွင်းလာသည့် ဆီသင်္ဘောများ ဆိပ်ကမ်းတွင် မကြန့်ကြာစေရေး ကြီးကြပ်ခြင်း၊ ဆီထည့်သွင်းမည့် သိုလှောင်ကန်များ သန့်ရှင်းစိတ်ချရမှု ရှိ/မရှိ ကြိုတင်စိစစ်ခြင်း၊ လက်ခံချယူခြင်း မပြုလုပ်မီ ဆီသင်္ဘောမှ နမူနာရယူခြင်း၊ ပေးပို့ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ကြပ်မတ်ပေးခြင်း၊ ဆီသိုလှောင်ကန်သို့ ထည့်သွင်းနေစဉ် တစ်နာရီတစ်ကြိမ် နမူနာရယူခြင်းနှင့် မျက်မြင်စစ်ဆေးခြင်း၊ ဆီအရည်အသွေးပိုင်းနှင့် ထူးခြားမှုရှိပါက သတင်းပို့တင်ပြခြင်း၊ FDA ထောက်ခံချက်ရရှိပြီးမှသာ ဆီသိုလှောင်ကန်မှ ဈေးကွက်သို့ ဖြန့်ဖြူးထုတ်ပေးမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း၊ သိုလှောင်ကန်မှ ထုတ်ယူဖြန့်ဖြူး နေချိန်အတွင်း အရည်အသွေးပိုင်းကို အခါအားလျော်စွာ စိစစ်ပေးခြင်း၊ ဈေးကွက် အတွင်း ဖြန့်ဖြူး ရောင်းချနေသော စားသုံးဆီများ FDA မှ အသိအမှတ်ပြုသော  စားသုံးဆီဖြစ်စေရေး ကြီးကြပ် ဆောင်ရွက်ခြင်း၊    ပြည်ပမှ စားသုံးဆီသင်္ဘော ဝင်ရောက်မှုကို တင်သွင်းကုမ္ပဏီ၊ နိုင်ငံ၊ တန်ချိန်၊ လိုင်စင်ရက်စွဲ ဖော်ပြ၍ လစဉ်တင်ပြခြင်း၊ စားသုံးဆီသိုလှောင်ကန်တွင် သိုလှောင်ထားသော ဆီပမာဏကို အပတ်စဉ်တင်ပြ၍ လိုအပ်ပါက စစ် ဆေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းဝယ်မှုလုပ်ငန်းစဉ်တွင် မသမာသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများ ရှိလာပါက  အရေးယူဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း တာဝန်များကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ၂၈.၁.၂၀၂၂ ရက်တွင် “ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  လုပ်ငန်းအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ရာ စားသုံးသူရေးရာ ဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးမှ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး လုပ်ငန်းတာဝန်(၆)ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလွှဲနှုန်းဖြင့် နိုင်ငံခြားငွေရရှိ၍ စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီမှ Quota အလိုက် တင်သွင်းလာမှုများကို မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံခန့်ခွဲမှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ ကြီးကြပ်မှုဖြင့် ဆီကန်များမှ ဆီထုတ်ယူရာတွင် Food Grade အဆင့်ရှိ အဝါရောင် ပေပါများ အသုံးပြု၍ ဆီထုတ်ယူခြင်းများကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ စားသုံးဆီသိုလှောင်ကန်မှ ဆီများထုတ်ယူရာတွင် တစ်ရက်လျှင် တန် ၁၄၀ဝ ထက် မပိုသောပမာဏဖြင့် ထုတ်ယူခွင့်ပြုထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များသို့ ရောင်းချနိုင်ရေးအား ၁၇.၂.၂၀၂၂ ရက် မှ ၅.၄. ၂၀၂၂ ရက်ထိ ကုမ္ပဏီ ၁၈ ခုမှ မြို့နယ် ၂၉ ခုသို့ အရောင်းဈေးကား ၇၁  စီးဖြင့် ဖြန့်ဖြူး ရောင်းချပေးစေ ခြင်း၊ အခြားတိုင်းဒေသကြီး ပြည်နယ်များအတွင်း နေ့စဉ်ဈေးကားဖြင့် ရောင်းချနိုင်ရေးအတွက် ကိုယ်စားလှယ်များနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများသို့ စားသုံးဆီဖြန့်ဖြူးရန် စားသုံး ဆီများထုတ်ယူရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် စနစ်တကျ ရှိစေရေးတို့အတွက် ကုမ္ပဏီပိုင်စက်ရုံများ၊ သိုလှောင်ရုံများသို့ ဆီသယ်ယူရာတွင် Food Grade ဆီသယ်ယာဉ်များဖြင့်သာ သယ်ယူစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ဖြန့်ဖြူးရာတွင်လည်း  New Drum, Clean Drum, Yellow Drum များကို အသုံးပြုစေရေး  ကြပ်မတ်ပေးခြင်း၊ Drum နှင့် ထုတ်ပိုးပစ္စည်းများတွင်လည်း  သက်ဆိုင်ရာ ကုမ္ပဏီ၏ Logo ပါဝင်သည့် Cap Seal အသုံးပြုစေခြင်းများ ကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏  လမ်းညွှန်မှု ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းများသို့ ၁၁၉၀၈၅ ပိဿာအား  ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး  ရန်ကုန်တိုင်း ဒေသ ကြီးရှိ  မြို့နယ် ၄၄ မြို့နယ်ရှိ အခြေခံစားသုံး သူ ပြည်သူများသို့လည်း ပထမအကြိမ်  စားသုံးဆီ ၆၈၆ ဒသမ ၅ တန်နှင့် ဒုတိယအကြိမ် ၉၈တန်အား သက်သာသော ဈေးနှုန်းများဖြင့်  ရောင်းချပေးခဲ့ လျက်ရှိခြင်း၊ ဆက်လက်၍လည်း   တစ်ရက်လျှင် ၄၄ ပေပါ၊ တစ်ပတ်လျှင် ၂၂၀ ပေပါနှုန်းဖြင့် အများပြည်သူများ  သက်သာသောနှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး  ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် “စားသုံးဆီများအား သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ ဝယ်ယူရရှိစေ ရေးနှင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  လုပ်ငန်းစဉ်များဖြင့် စနစ်တကျ ဆောင်ရွက်စေရေး” ဟူသော ရည်ရွယ်ချက်နှင့်အညီ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နှင်းနွယ်(DOCA YGN)