Main menu

Background

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Wed, 12/21/2022 - 12:27 -- journal_editor

၂၀၂၂ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း မုံရွာမြို့နယ် တွက် အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀ဝ ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း ၂၅၀ဝကျပ်နှင့် ဧရာမင်း ဆန်တစ်ပြည်အသစ် ၂၀ဝ၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   စားအုန်းဆီ တစ် ပိဿာလျှင် ၅၅၅၀ ကျပ်၊ မြေပဲဆီ   တစ်ပိဿာလျှင် ၉၅၀ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀ဝ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ  လက်လီတစ်ပိဿာ လျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ)တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်မှ  ၆၀ဝ၀ ကျပ်ထိ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ၅၀ဝ၀ ကျပ်မှ ၅၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင်   ၄၅၀ဝ ကျပ်မှ ၅၀ဝ၀ ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်မှ ၁၇၀ဝ ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  ၁၆၀ဝ၀ ကျပ် မှ ၁၇၀ဝ၀ ကျပ်ထိ၊ အာလူး ၂၄၀ဝ ကျပ်မှ ၂၅၀ဝကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်၉၀ဝကျပ်မှ၁၀ဝ၀ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်သည်။
ကြက်ဥလက်လီဈေးနှုန်းမှ ကြီးတစ်လုံး၂၅၀ကျပ်၊ သေး တစ်လုံး၂၀ဝ ကျပ်၊ ဘဲဥ(ကြီး)  တစ်လုံး ၃၀ဝ ကျပ်၊ သေးတစ် လုံး၂၅၀ ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ငါးဈေးနှုန်းမှ ကြက် သား (ဃဏ) တစ်ပိဿာ  ၉၀ဝ၀ ကျပ်မှ  ၁၀ဝ၀ဝကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၅၀ဝ၀ ကျပ်မှ ၁၆၀ဝ၀ ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၅၀ဝ၀ ကျပ်မှ ၁၆၀ဝ၀ ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၆၀ဝ၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၆၀ဝ၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။            

စန်းစန်းဝေ(မုံရွာ)