Main menu

Background

ပြည်တွင်းရွှေဈေး ကျပ် ၂၉ သိန်းကျော်ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေ  

Wed, 04/26/2023 - 12:59 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော် ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

ဧပြီ ၂၀ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၉၉၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၂၉၆၇၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်အပြီး ဈေးကွက်ပြန်ဖွင့်ပြီးနောက်ပိုင်း နှစ်ရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဧပြီ ၁၈ ရက်တွင် တစ်အောင်စ ၂၀ဝ၂ ဒေါ်လာ၊ ၁၉ ရက်တွင် ၁၉၉၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် ဧပြီ ၁၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉၇၀ဝ၀ဝ၊ ၁၉ ရက်တွင် ကျပ် ၂၉၆၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။                                                          

ပန်းဆု