Main menu

Background

ပြည်တွင်းရွှေဈေးကျပ်သိန်း၃၀ ကျော်ဝန်းကျင်တွက်ဆက်လက်ဖြစ်ပေါ်နေ

Mon, 06/05/2023 - 12:05 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော် ဝန်းကျင် တွင် ဆက်လက်ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 
ပြည်တွင်းရွှေဈေးနှုန်းမှာ မေ ၈ ရက်မှစတင်ကာ ကျပ်သိန်း ၃၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း များမှာ မေ ၂၄ ရက်တွင် တစ်အောင်စ ၁၉၇၄ ဒေါ်လာ၊ ၂၅ ရက်တွင် ၁၉၅၉ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၉၅၆ ဒေါ်လာ၊ ၂၉ ရက်တွင် ၁၉၄၅ ဒေါ်လာ၊ ၃၀ ရက်တွင် ၁၉၄၂ ဒေါ်လာ၊ ၃၁ ရက်တွင် ၁၉၅၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေ ဖြင့် မေ ၂၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၃၆၀ဝ၀၊ မေ ၂၅ ရက်တွင် ကျပ် ၃၀၅၈၀ဝ၀၊ မေ ၂၆ ရက်တွင် ကျပ် ၃၀၉၂၀ဝ၀၊ မေ ၂၉ ရက်တွင် ကျပ် ၃၀၅၇၀ဝ၀၊ မေ ၃၀ ရက်တွင် ကျပ် ၃၀၄၂၀ဝ၀၊ မေ ၃၁ ရက်တွင် ကျပ် ၃၀၅၃၀ဝ၀ ဖြစ်ကြောင်း သိရသည်။                                            

                               ပန်းဆု