Main menu

Background

အိန္ဒိယအစိုးရပိုင် ကုမ္ပဏီတစ်ခုက စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် ပြင်ဆင်

Mon, 06/05/2023 - 13:37 -- journal_editor

အိန္ဒိယကုမ္ပဏီတစ်ခုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၌ စက်သုံးဆီ လက်လီအရောင်းဆိုင်များ  ဖွင့်လှစ်ရန် ပြင်ဆင် နေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါကုမ္ပဏီသည်  အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ   Numaligarh Refinery Limited (NRL)အမည်ရှိ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီဆိုင်များ လာ ရောက်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
 Numaligarh Refinery Limited (NRL)ကုမ္ပဏီသည် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့်နီးကပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားမှုရှိကြောင်း  သိရသည်။  လက်ရှိတွင် အဆိုပါ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် NRLဘက်က ကမ်း လှမ်း မှုများ ပြုလုပ်ထားပြီး လုပ်ငန်းစတင်မှုကိုတော့  လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြုလုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ယင်းကုမ္ပဏီသည်  အာသံပြည်နယ်တွင် ရေနံချက်စက်ရုံ လေးရုံရှိပြီး ထိုစက်ရုံများထဲမှ တစ်ရုံကို မိုရေးမြို့အနီး နူမာလီဂါတွင် ထူထောင်ထားခြင်း ဖြစ်သည်။    သို့ဖြစ်၍ အဆိုပါစက်ရုံမှ   ထွက်ရှိလာမည့် စက်သုံးဆီများကို စစ်ကိုင်းတိုင်းဒေသကြီးသို့ ပို့ဆောင်ကာ စက်သုံးဆီလက်လီဆိုင်များ ဖွင့်လှစ် ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။    
ထိုကုမ္ပဏီသည် ရူပီးကုဋေ  ၂၈၀ဝ၀  ရင်းနှီမြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး တစ်နှစ်လျှင် စက်သုံးဆီ ထုတ်လုပ်နိုင်စွမ်းအား မက်ထရစ်တန် ၃ သန်းမှ ၉ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်သည့်ကုမ္ပဏီဖြစ်ကြောင်း  သိရ သည်။

 

ပန်းဆု