Main menu

Background

ဧရာဝတီတိုင်းမှ ထွက်ရှိသည့် အုန်းသီး ၅၄ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ

Tue, 07/18/2023 - 13:32 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးမှတစ်နှစ်လျှင်အုန်းသီး သန်း၁၃၀ကျော် ထွက် ရှိသည့်အနက် ၅၄ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့လျက်ရှိကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ သိရသည်။
မိရိုးဖလာစိုက်ပျိုးထားသည့်   နှစ်ရှည်အုန်းပင်များမှ ထွက်ရှိသည့် အုန်းသီးများကို တင်ပို့နေခြင်းဖြစ်ပြီး စုစုပေါင်း  ထွက်ရှိမှုနှုန်း၏ ၅၆ ရာခိုင် နှုန်းကိုတော့ ပြည်နယ်ဒေသအတွင်း၌ပင် စားသုံးလျက်ရှိကြောင်း အဆိုပါ ဌာန တာဝန်ခံ ဦးနေဝင်းစိုးက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။ တစ်နှစ်ကို အုန်းသီးအလုံးရေ သန်း ၁၃၀ လောက် ထွက်တာမှာမှ ၅၆ ရာခိုင်နှုန်းက ဒေသတွင်း စားသုံးတာပါ။ ၅၄ရာခိုင်နှုန်းကတော့ ကျန်တဲ့တိုင်း ဒေသကြီးတွေနဲ့ ပြည်နယ်တွေကို တင်ပို့ရောင်းချပါတယ်။ မိရိုးဖလာ စိုက်ခင်း တွေကထွက်တဲ့ နှစ်ရှည်အုန်းတွေပါ။ ဧရာဝတီကနေ တခြားတိုင်းတွေကိုတော့ အဓိကရန်ကုန်ပေါ့။ မန္တလေးကိုလည်း တင်ပို့ရောင်းချတာရှိသလို ဘင်္ဂလား ဒေ့ရှ်ကလည်း တိုက်ရိုက်လာဝယ်တာတွေ ရှိပါတယ် ဟု ၎င်းက ပြောသည်။
လက်ရှိ၌ ပြည်တွင်းဈေးကွက်အတွက် ရန်ကုန်၊ မန္တလေးနှင့် တာချီ လိတ် စသည့်နယ်စုံကို တင်ပို့နေသော်လည်း ဘင်္ဂလားဒေ့ရှ်ကိုတော့ ရာသီ ချိန်ဖြစ်သည့် ဇန်နဝါရီလမှစတင်ကာ တင်ပို့မည်ဖြစ်ကြောင်း၎င်းက ပြော သည်။အဲဒီ့အချိန်မှာ ကုန်သည်တိုက်ရိုက်ဆင်းကြတယ်။ တစ်ခါတလေကျ တော့ ပွဲစားလာတယ်။ သူတို့က နောက်က ပိုက်ဆံလိုက်ရှင်းပေါ့}}ဟု ၎င်းက ပြောသည်။   အဆိုပါ အုန်းသီးများကို မုန့်လုပ်ငန်းများ၊ အရည်သောက်အုန်း များအဖြစ် အသုံးများကြပြီး အရည်သောက်အုန်းကို  ရန်ကုန်ဈေးကွက်က အဓိကဝယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုတိုင်းဒေသကြီးမှ ရန်ကုန်သို့တင်ပို့လျက်ရှိသည့်   အရည်သောက် အုန်းသီးလက်ကားဈေးအနေဖြင့် တစ်လုံးလျှင်  ကျပ် ၆၀ဝ အထိ ရှိနေပြီး အုန်းသီးအရင့်ဆွဲ တစ်လုံးလျှင် ကျပ် ၈၀ဝခန့် ပေါက်ဈေးရှိနေကြောင်း သိရ သည်။ပြည်တွင်း၌ အုန်းပင်ကို ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများ ဆုံး စိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် အုန်းသီး အလုံးရေ သန်း ၄၀ဝ ကျော်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုမှာတော့ အထွက် နှုန်း၏ ၈၃ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပနိုင်ငံများသို့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၂၀၆ တန် တင်ပို့နိုင်ခဲ့သည့်အပြင် ပြီးခဲ့ သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဏာ နှစ် ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၁၉တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပန်းဆု