Main menu

Background

ပြည်တွင်းရှိ စက်ရုံ ၁၀ဝ နီးပါးမှ အထည်များကို ပိုလန်နိုင်ငံက မှာယူမှုများရှိနေ

Mon, 11/20/2023 - 13:34 -- journal_editor

ပိုလန်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရာနီးပါး၌  အထည်မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ “ကျွန်မတို့ အထည်ချုပ်အသင်းကို အကြောင်းကြားခြင်းမရှိဘဲ ပြည်တွင်းက    အထည်ချုပ်စက်ရုံ  တစ်ရာနီးပါးမှာ ပိုလန်နိုင်ငံက အထည် မှာယူမှုတွေရှိနေပါတယ်”ဟု   အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ လက်ရှိ တွင် ပြည်တွင်း ၌ အထည်အမှတ်တံဆိပ်အချို့ ထွက်ခွာသော်လည်း အော်ဒါအသစ် များ မြင့်တက်နေကြောင်း သိရသည်။  “တချို့ ဘရန်းတွေက ထွက်ခွာမယ်လို့ ကြေညာတဲ့ ဘရန်းတွေ ရှိတယ်။ဥမိနမလည်းလျှော့မယ်လို့ပြောတဲ့ဘရန်းတွေရှိတယ်။ အသစ် အသစ်ရောက်လာတဲ့   ဘရန်းတွေလည်း   အများကြီးရှိပါတယ်”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ အချို့သော အမှတ်တံဆိပ်များသည် နိုင်ငံအတွင်းမှ ဖြည်းဖြည်း ချင်း ဆုတ်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း စက်ရုံ ပိတ်သိမ်းမှုအပေါ် သိသာထင်ရှားစွာ ကြားသိရခြင်း  မရှိသေးသည့် အပြင် လက်ရှိအချိန်ထိ ဝယ်သူများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။  မြန်မာနိုင်ငံတွင် လက်ရှိ၌ အထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ အသင်းဝင်စက်ရုံပေါင်း ၅၀ဝ နီးပါး၊ လုပ်သားဦးရေ လေးသိန်းခွဲနှင့် ငါးသိန်းခွဲကြားဖြင့် လုပ်ငန်းလည်ပတ်နေပြီး ထုတ်လုပ်မှုများကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ်နေကြောင်း သိရသည်။

 

ပန်းဆု