Main menu

Background

အွန်လိုင်းမှ ဈေးရောင်းသူများ ၂၀၂၄ ခုနှစ်မှ စတင်ကာ မှတ်ပုံတင်ကြေး ပေးဆောင်ရမည်

Mon, 01/01/2024 - 10:49 -- journal_editor

အွန်လိုင်းမှ ဈေးရောင်းချသူများအနေဖြင့် ဇန်နဝါရီလမှစတင်ကာ မှတ်ပုံ တင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ မှတ်ပုံတင်ကြေး ကောက်ခံမည့် နှုန်းထားများမှာ ကုမ္ပဏီ (သို့မဟုတ်) စီးပွား ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေးကျပ် ခုနစ်သောင်း၊ သက်တမ်းတိုးကြေး ကျပ် ခုနစ် သောင်းဖြစ်ကြောင်း သိရသည်။ အလားတူ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခုခု ပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေးကို ကျပ်ငါးသောင်း၊ သက်တမ်းတိုးကြေး ကျပ်ငါးသောင်း သတ်မှတ်ထားကြောင်း သိရသည်။ထို့ပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် မှတ်ပုံတင်ကြေးကို ကျပ်သုံးသောင်း၊ သက်တမ်းတိုးကြေး ကျပ်သုံးသောင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လုပ်ငန်းအမျိုးအစားအားလုံး၏ ပြင်ဆင်ကြေးကိုတော့ တစ်ချက် လျှင် ကျပ် ၃၀ဝ၀ စီ သတ်မှတ်ကောက်ခံမည်ဖြစ်‌ကြောင်း သိရသည်။ယင်းသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုမည့် မှတ်ပုံတင်များအား သက်တမ်းနှစ်နှစ်အထိ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ 

ပန်းဆု