Main menu

Background

မြန်မာ့ ဖာလာစေ့အား တရုတ်နိုင်ငံ ဈေးကွက်ရရှိရေး GACC နှင့် Protocol ရေးထိုးနိုင်ရန် လိုအပ်

Mon, 05/06/2024 - 11:45 -- journal_editor

မြန်မာနိုင်ငံ  ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့အနီး နော်ဂူး ကျေးရွာဒေသ၌ ဧက ၇၀ဝ ခန့် စိုက်ပျိုးထားရှိသည့် ဘိန်းအစားထိုးသီးနှံဖြစ်သော ဟင်းခတ်အမွှေးအကြိုင် H.S Code 090832 0000) အား ကံပိုင်တည်နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အခက်အခဲများ  ကြုံတွေ့နေသဖြင့် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပင်နှင့်တိရစ္ဆာန် ထိန်းချုပ်ရေးဌာန၊ ကူမင်းအကောက်ခွန်ဌာနနှင့် ပေါင်စန်း အစိုးရရုံးနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ချိတ်ဆက်ဆောင်ရွက်မှုများအရ  ရှောက်ကောသီးနှံသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တိုင်းရင်းဆေးအဖြစ် သတ်မှတ်ဆောင်ရွက်သည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ၌ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးသည့်အတွက် ဟင်းခတ် အမွှေး အကြိုင်အနေဖြင့် အထူးကုန်စည်ခေါင်းစဉ်အောက်တွင် ထားရှိ၍ သတ်မှတ်ပမာဏ အတိုင်း တရုတ်နိုင်ငံသို့ ကံပိုင်တည်နယ်စပ်မှ တင်ပို့ရန် ခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါသီးနှံကို တိုင်းရင်းဆေးအဖြစ် တင်သွင်းမည်ဆိုပါက တရုတ်နိုင်ငံ ဗဟိုအစိုးရမှ တိုင်းရင်းဆေးများကို ရွှေလီနယ်စပ်ဂိတ်မှသာ တင်သွင်းရန် ခွင့်ပြု ထားသည့်အတွက် အဆိုပါဂိတ်မှသာ တိုင်းရင်းဆေးအနေဖြင့် တင်သွင်းရမည်ဖြစ် ကြောင်းနှင့် တိုင်းရင်းဆေးအနေဖြင့် တင်သွင်းမည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများကိုhttp://mp.weixin.qq.com /s/ byfEgj_tSAgoJ_kiwIGCPAတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့သို့ မြန်မာသံရုံး ပေကျင်းမြို့မှ မေးမြန်းချက်အရ  ဖာလာစေ့သည် မြန်မာ နိုင်ငံအတွက် တရုတ်တိုင်းရင်းဆေးအနေဖြင့် လည်းကောင်း၊ ဟင်းခတ် အမွှေး အကြိုင်အနေဖြင့်လည်းကောင်း ခွင့်ပြုအမျိုးအစားတွင် ပါဝင်ခြင်းမရှိသဖြင့် မြန်မာ နိုင်ငံအနေဖြင့် ဖာလာစေ့အား တရုတ်နိုင်ငံသို့  တင်ပို့ရေးအတွက်GACC သို့ လျှောက်ထားလိုပါကProtocol  လက်မှတ်ရေးထိုးဆောင်ရွက်သည့် လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
 တင်သွင်းမည့် ပမာဏတိုးမြှင့်နိုင်ရေးအတွက်မူ ယခုနှစ်အတွက် သတ်မှတ် ပမာဏမှာ ချမှတ်ပြီးဖြစ်သည့်အတွက် နောက်လာမည့်နှစ်အတွက် တိုးမြှင့်ရရှိလိုပါ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင် National Development and Reform Commision)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACC) တို့နှင့် ချိတ်ဆက်ဆောင်ရွက် ညှိနှိုင်းတောင်းခံရမည် ဖြစ်ပြီး GACC အပင်နှင့်တိရစ္ဆာန် ထိန်းချုပ်ရေးဌာန၏ Website ဖြစ်သည့် http://dzs.cutoms.gov.cn/dzs/2747042//3995819/ qtzwcp/4640167/index.html တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းသိရသည်။

    ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့