Main menu

Background

လှောင်သမားကြိုက်တဲ့ပြည်ဧည့်မထစပါး ဈေးမြင့်ပြီး ဆန်ဈေးငြိမ်

Fri, 02/06/2015 - 19:06 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

ပြည်ဆန်စပါးဈေးကွက်မှာစပါးဈေးကမောက်ကမနဲ့ ဈေးမြင့်နေတဲ့အတွက်အရောင်းအဝယ်၊ လှောင်လက်သမား တွေအကျပ်တွေ့ စိတ်ညစ်နေရတယ်လို့သိရပါတယ်။အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဧည့်မထ ဆန်စပါး ဈေး ဟာ ဆန်အိတ်များအရောင်းအဝယ်ဖြစ်ပြီးစပါးဈေးတဖြည်းဖြည်းမြင့်တက်လာမှုကြောင့် နယ်သို့တင်ပို့တဲ့အခါမှာပါဈေးမကိုက်ဖြစ်နေတယ်လို့ဆိုပါတယ်။ယခုတစ်ပတ် တောင်ပျံမွှေးစပါးဈေး တင်း ၁၀၀ (၄၆ ပေါင်ကိုက်) ဈေး ၆၆၂၄၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း စပါးဈေးငြိမ်နေခဲ့ပါတယ်။ ဆန်တစ်အိတ်ဈေးကတော့ ထိပ်စ တစ်အိတ် ၃၁၀၀၀ ကျပ်၊  လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။
ဧည့်မထစပါးဖြစ်တဲ့  ငွေတိုးနဲ့အင်းလယ်စပါးဈေး ကတော့ တင်း ၁၀၀ (၄၆) ပေါင်ကိုက်ဈေး ၄၁၄၀၀၀ ကျပ်ထိ မြင့်တက်နေကြောင်း သိရပါတယ်။ဒီစပါးတွေကတော့   အရောင်းအဝယ်သမားတွေ၊ လှောင်သမားတွေ ကြိုက်တဲ့ စပါးသန့်ရဲ့ဈေးလည်းဖြစ်ပါတယ်။ဆန်တစ်အိတ်ကိုထိပ်စ၁၇၅၀၀ကျပ်၊လတ်စ ၁၆၅၀၀ ကျပ် ဖြင့် ဈေးငြိမ်အရောင်းအဝယ်ဖြစ်ပေမယ့် စပါးဈေးမြင့်ပြီးဆန်ဈေးမကိုက်လို့ဆန်စက်တွေမှာ စပါးတွေပုံနေတယ်လို့ ဆန်ပွဲစားသမား တစ်ဦးကပြောပါတယ်။နယ်တင်ပို့ရာမှာလည်းဆန်အိတ်ကဈေးအရနည်း၊စပါးဈေးကမြင့်နေတာကြောင့်ကုန်သည်တွေတွက်ခြေမကိုက်ဖြစ်ပြီးတင်ပို့မှုမရှိသလောက်နည်းနေတာကြောင့်ဒေသဆန်စက်တွေမှာအိတ်တွေပုံနေရခြင်းဖြစ်တယ်လို့သိရပါတယ်။
နီနီဝင်း-ပြည်