Main menu

Background

စပါးဈေးကျပြီး ဆန်ဈေးကောင်းနဲ့အရောင်းအဝယ်ဖြစ်နေ

Mon, 02/09/2015 - 21:20 -- journal_editor

အတွဲ(၁၅)အမှတ်(၆)

    ပြည်မြို့ရဲ့ယခင်တစ်ပတ်စပါးဈေးကွက်မှာစပါးဈေးတွေမြင့်တက်လို့အရောင်းအဝယ်သမားတွေအခက်တွေ့နေတဲ့တောင်ပျံမွှေးစပါးဟာယခုတစ်ပတ်မှာတော့စပါးဈေးကျလာတာ တွေ့ရပါ တယ်။  ဈေးနှုန်းအနေနဲ့ တောင်ပျံမွှေး စပါးတင်း(၁၀၀) ၄၆ ပေါင်ကိုက်နဲ့ ယခင် တစ်ပတ်ဈေး  ၆၆၂၄၀၀  ကျပ်မှ ယခုတစ်ပတ်ဈေး ၆၄၄၀၀၀ ကျပ်သာ  ပေါက်တော့ကြောင်းသိရပါတယ်။ ဆန်လတ်စတစ်အိတ်ဈေးကတော့ ၃၂၀၀၀ ကျပ်ဖြစ်လို့ယခင်အပတ်ထက်၂၀၀၀ကျပ်ဈေးပိုလာတာတွေ့ရပါတယ်။နယ်ဘက်သို့တင်ပို့မှုမကိုက်လို့ရပ်နားထားပေမယ့်ဒေသတွင်းသုံးစွဲမှုအနေနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ဧည့်မထစပါးဈေးကတော့ တင်း(၁၀၀)၄၆ ပေါင် ကိုက်ဈေး ၄၁၄၀၀၀ ကျပ်ပေါက်ပြီး ဈေးငြိမ်နေတာတွေ့ ရပါတယ်။ ဧည့်မထ အမျိုးအစားထဲကအင်းလယ်ဆန်တစ် အိတ်ဈေးကတော့ ၁၇၅၀၀ ကျပ်နှင့်ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်နေပါတယ်။ ရန်ကုန်-မန္တလေးဘက်သို့ တစ် ရက်လျှင်အိတ် ၅၀၀ မှ ၇၀၀ ထိ တင်ပို့ရကြောင်းလည်း သိရပါတယ်။  အင်းလယ်ဆန်က မပျော့မမာနဲ့စားလို့ ကောင်းတာကြောင့် အရောင်းအဝယ် သွက်နေပါတယ်။ ကျောက်ရွေး၊ အင်းမရဲဘော်၊ ငွေတိုး စတဲ့ဆန်တွေကတော့ တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ပုံမှန် ရှိကြောင်းသိရပါတယ်။        
             
       နီနီဝင်း-ပြည်