Main menu

Background

မူဆယ်သို့ ဆန်အပို့ရပ်နားထားသင့်ပြီး ရန်ကုန် FOB သင်္ဘောတင်ပုံမှန်လေးဆက်သွားနိုင်မည့် ဆန်ဈေးကွက်

Mon, 02/09/2015 - 21:23 -- journal_editor

အတွဲ(၁၅)အမှတ်(၆)

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးနှုန်းမှာ  ဖေဖော်ဝါရီလ ၆  ရက်နေ့ ဈေးနှုန်းအရ ဖျာပုံပေါ်ဆန်း  လတ်စတစ်အိတ်ကို ၂၈၀၀၀ ကျပ်၊ ထိပ်စ ၂၉၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၁၀၀၀ ကျပ်၊ ထိပ်စ ၃၂၀၀၀ ကျပ်၊နယ်စုံပေါ်ဆန်း   လတ်စ တစ်အိတ်ကို ၂၇၀၀၀ ကျပ်၊ ထိပ်စ ၂၉၀၀၀ ကျပ်ဖြင့် ဆန် ချော ဈေးတွေ ဆက်ငြိမ်နေတာ တွေ့ရပါတယ်။
ဆန်ချောတွေသာ အဝယ်လိုက်ပြီး ညံ့တဲ့ဆန်ချောတွေ က ဈေးကွက်မှာ အဝယ်မလိုက်ဘဲ ဈေးဆက်ငြိမ်နေရတာလို့  ဈေးကွက်က  ဆိုပါတယ်။ဧည့်မထ လတ်စ  တစ်အိတ်ကို  ၁၆၀၀၀ ကျပ်၊ ထိပ်စ ၁၆၈၀၀ ကျပ်၊ မိုးသုခ   ဈေးနှုန်းက ၁၆၅၀၀ ကျပ်မှ ၁၇၃၀၀ ကျပ်အတွင်းဖြစ်ခဲ့လို့ယခင်တစ် ပတ်ထက် တစ်အိတ်ကို ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း  ဈေး ဆက်တက်လာတာ တွေ့ရပါတယ်။ ရန်ကုန်မှာ သင်္ဘောတင်ရှိနေသည့်ပြင် ရန်ကုန်  FOB အပို့ ကုမ္ပဏီများမှ အဝယ်ဆက် ရှိနေချိန်မှာ  ရန်ကုန်သို့ ဆန်ကြမ်းလည်း အဝင်နည်းနေလို့ အကြမ်းဈေး  ဆက်တက်ရတာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်မူဆယ်လိုင်းသို့ ရန်ကုန်မှ ဆန်အပို့အတော် လေးကျဲ သွားပြီး ဝါးတန်းဒိုင်သို့  ဆန်အဝင်နဲ့အရောင်းအဝယ်အခြေ အနေမှာ ပုံမှန်လေးသာ သွားနေတယ်လို့ ကုန်စည်ဒိုင်ဆန် ဈေးကွက်မှ ကြားသိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း  ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၄၆၀၀ ကျပ်-၁၄၇၀၀ ကျပ်ခန့် ဖြစ်ခဲ့လို့  ယခင်တစ်ပတ်ထက်တစ်အိတ်ကို ၂၀၀ ကျပ်ခန့်၊ ယခင်နှစ်ပတ်ထက်ဆိုရင် တစ်အိတ်ကို ၇၀၀ ကျပ်ခန့်ဈေး တက်သွားတာတွေ့ရပါတယ်။ လက်ရှိမှာသင်္ဘောတင်ဆဲရှိနေ သည့်ပြင် ရန်ကုန် FOB ဖြင့်ပို့နေကျ ဆန်ကုမ္ပဏီကြီးများအပြင် ဗြဏဃဥ ကလည်း ပြည်တွင်းဆန်ဈေးကွက်မှာ ဆက်ပြီးဝယ် နေဆဲဖြစ်တယ်လို့သိရပါတယ်။  EMATA MYANMAR 25 %  FOB  (Yangon)ဈေး  310-320 USD/ MT  ဟုဆိုသော်လည်းအမှန်ရောင်းချရာတွင် 310 USD / MTနှင့်အောက်သာရရှိနေ ကြပြီး သင်္ဘောတင်ချိန်မှာ ပြည်တွင်းဆန်ကြမ်းဈေးတက်လာ ခြင်းနှင့်ငွေလဲနှုန်းလေးနေခြင်းများကြောင့် တွက်ခြေမကိုက် ဟု ဆန်ဈေးကွက်မှ ကြားသိရပါတယ်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ၆ ရက် ဆန်ပေါက်ဈေးနှုန်း မထွက်နိုင်ဘဲ ဖေဖော်ဝါရီ ၄ ရက် ဈေး  နှုန်းသာထွက်ရှိရောင်းဝယ်နိုင်ခဲ့ပြီး ဧည့်မထ ၅ မှတ် မှော်ဘီ တစ်အိတ်ကို ၁၄၅ ယွမ်ဖြစ်ခဲ့လို့   ဇန်နဝါရီလ ၂၆ ရက်နေ့  ဈေးနှုန်းထက်တစ်အိတ်ကို တစ်ယွမ်ခန့်သာ  ဈေး တက်ခဲ့ သော်လည်း ဧည့်မထ ၅ မှတ်  စူပါတစ်အိတ်ကို ၁၃၄-၁၃၇ ယွမ်၊ ဧည့်မထ ၁၀ မှတ်၊  မနောသုခ ၁၃၂ယွမ်၊ ဧည့်မထ ၂၅ မှတ် ၁၂၃-၁၂၄ ယွမ်၊ ငစိန် ၂၅ မှတ် ၁၂၁-၁၂၃ ယွမ်၊ ဆန်ကွဲB 1,2၂ တစ်အိတ် ၁၀၄ -၁၀၇ ယွမ်၊ B,1& EXTRA ၁၀၈-၁၁၄ယွမ်ဖြစ်ခဲ့ကြလို့ ယခင်အပတ်ထက် တစ်အိတ်ကို တစ်ယွမ်မှ သုံးယွမ်အတွင်း ဈေးကျခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာတစ်ယွမ်ကို ၁၆၃ ဒသမ ၉၃ ကျပ်ဖြစ်ခဲ့ လို့ ယခင်တစ်ပတ်ထက် သုည ဒသမ ၁၃ ကျပ် သာ ဈေးပြန် တက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၆ ရက်ကစပြီးတရုတ်ထဲမှာ ဆန်ဖမ်းနေရာမှ ဖေဖော်ဝါရီလ ၄ ရက်မှာ အရောင်းအဝယ်နဲ့ ဆန်အပို့ပြန်ရှိခဲ့သော်လည်း ဆက် ဖမ်းနေလို့ အရောင်းအဝယ် ပါသိသာစွာပြန်ကျသွားကြောင်း၊ တရုတ်ထဲမှာ ဆန်ဖမ်းဆီး နေမှုများကြောင့် မူဆယ်မှာ ဆန် အရောင်းအဝယ် နှစ်ပတ်ခန့် သိသာစွာကျဆင်းခဲ့ရာမူဆယ်မှာ ဆန်လက်ကျန်တွေ များ လာနေပြီး မူဆယ်သို့ ဆန်အဝင်ပါ သိသာစွာ လျော့ကျလာနေ ကြောင်း၊ ယခုတစ်ပတ်အတွင်းပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်တန်ချိန် ၁၃၈၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၁၂၃၀၀ ခန့်ထိ အဝင်သိသာစွာ  လျော့ကျလာနေ ကြောင်း၊ ရန်ကုန်မှ မူဆယ်သို့ ဆန်တင်ဆောင်ခမှာ  တစ်တန် ကို ၁၀၀၀၀၀ ကျပ်ခန့်ဖြစ်ခဲ့ပြီး အတက်ကားရှားနေလို့ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ်ခန့်   ဈေးတက်ခဲ့သော်လည်း ရန်ကုန်မှ ဆန်တင်ပို့သူမရှိသလောက် ကျဲသွားပြီဖြစ်ကြောင်း၊ မူဆယ်ဆန်ဈေးကွက်ရှေ့အလားအလာမှာ ဆန်ကို ဆက် တိုက်ဖမ်းနေဆဲဖြစ်ကာ ပြောင်းဆန်ပါဖမ်းနေလို့  တရုတ်နှစ် ကူးပြီးလောက်မှသာ   မူဆယ်ဆန်ဈေးကွက်  တဖြည်းဖြည်းပြန် ကောင်းနိုင်မည်ဟု သုံးသပ်နေကြောင်း မူဆယ်ဆန်ဈေးကွက်မှ ကြားသိရပါတယ်။မြန်မာ့ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် နေ့ထိ တန် ချိန် ၁၄၄၈၉၉၀ ကျော်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၃ သန်းကျော်ရရှိနေကာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ချိန် ၅၀၉၉၃၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၇၀ ကျော် ပိုမိုတင်ပို့ထားနိုင်တာ တွေ့ရပါတယ်။ မြန်မာ့ဆန်ဈေး ကွက် ရှေ့အလားအလာအနေဖြင့် တရုတ်-မူဆယ်ဆန်ဈေးကွက်မကောင်းနိုင်သေးဘဲ မူဆယ်မှာလည်း လက်ကျန်ဆန် တွေ ပုံလာနေပြီဖြစ်လို့ ထားစရာနေရာခက်ခဲလာနိုင်သဖြင့်ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အပို့ရပ်ထားသင့်ပြီး ရန်ကုန် FOB ဥသြင်္ဘောတင်မှာမူ  ပုံမှန်လေးဆက်သွားနိုင်သော်လည်း ပြည်တွင်းဆန်ကြမ်းဈေးယခုထက် မတက်နိုင်ဟု သုံးသပ် လျက်ရှိကြောင်းတင်ပြလိုက်ပါတယ်။ 

သန်းအေး-ဆန်စပါး