Main menu

Background

ဝယ်လိုအားများလို့ ဆန်ချောနဲ့ဆန်ကြမ်းဈေးတက်

Fri, 06/29/2018 - 12:42 -- journal_editor

ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေး ကွက်မှာ  ဆန်အဝင်နည်းတဲ့အတွက် ဝယ်လိုအားများတဲ့   ဆန်ချောနဲ့ဆန် ကြမ်းဈေးတက်ပြီးအဝယ်ပုံမှန်ရှိတဲ့ ဆန်များကတော့ ဈေးငြိမ်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရ ပါတယ်။

ဆန်ကုန်စည်ဒိုင်ရဲ့   လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၄၀၀၀၀နဲ့လတ်စ တစ်အိတ်    ကျပ် ၃၈၀၀၀၊     ပုသိမ်၊  မြောင်းမြပေါ်ဆန်းထိပ်စတစ်အိတ်ကျပ် ၄၆၀၀၀ နဲ့   လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ ကျိုက်လတ်ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၈၀၀၀ နဲ့လတ်စ တစ်အိတ်ကျပ် ၃၆၀၀၀၊ ရွှေဘိုပေါ် ဆန်းဆန်တစ်အိတ်ကျပ်  ၅၃၀၀၀ မှ ကျပ် ၅၅၀၀၀ ရှိပြီး ဈေးငြိမ်နေသော် လည်း အဝယ်များတဲ့ပေါ်ဆန်း (ရှယ်) ကတော့ တစ်အိတ်ကျပ်  ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀၊  ကျားပျံပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၄၂၀၀၀ မှ ကျပ်၄၅၀၀၀ ရှိပြီး တစ်အိတ်ကို  ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိ ဈေးတက်ကြောင်း သိရပါ တယ်။ ကုန်စည်ဒိုင်ကို ဆန်အဝင်နည်း ပြီး ဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် ဆန် ဈေးတက်တာဖြစ်တယ်လို့  ဝါးတန်းဆန် ဈေးကွက်မှ သိရှိရပါတယ်။

အလားတူ     လူကြိုက်များတဲ့ ဧည့်မထ ၂၅ မှတ်၊ ရက် ၉၀နဲ့သီးထပ် (ရှယ်)များလည်း   တစ်အိတ်ကို ကျပ် ၅၀၀ ခန့်   ဈေးတက်ကြောင်း  သိရပါ တယ်။ ဧည့်မထ ၂၅ မှတ်တစ်အိတ် ကျပ် ၂၀၃၀၀ မှ ကျပ် ၂၀၅၀၀၊ ရက် ၉၀ ဆန်တစ်အိတ်ကျပ် ၂၃၂၀၀ မှ ကျပ် ၂၄၀၀၀၊ သီးထပ်(ရှယ်) တစ်အိတ်ကျပ် ၂၂၅၀၀ မှ ကျပ် ၂၃၀၀၀ ရှိပါတယ်။  မိုးသုခနဲ့ အကြမ်း (ရှယ်) များကတော့ ယခင်တစ်ပတ်အတိုင်း    ဈေးငြိမ်နေ ကြောင်း သိရ ပါတယ်။ နယ်တွေမှာစပါး လက်ကျန်နည်းနေတဲ့အတွက်    ဆန် အဝင်နည်းသွားတာဖြစ်တယ်လို့   ဆန် ဈေးကွက်မှသိရ ပါတယ်။

ယဉ်ယဉ်အေး