Main menu

Background

ပုသိမ်မြို့ဆန်စပါးဈေးကွက် အရောင်းအဝယ်အေး

Wed, 10/26/2022 - 15:45 -- journal_editor

ပုသိမ်မြို့ ဆန်စပါးဈေးကွက်၌ အောက်တိုဘာလအတွင်း အရောင်း အဝယ် အေးလျက်ရှိပြီး မြို့နယ်အချို့တွင် မိုးစပါးသစ်များ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း လက်ရှိဈေးကွက်တွင်မိုးစပါး ဆန်အဟောင်း များသာ ရောင်း ဝယ်လျက်ရှိကြောင်း၊ လူနည်းစုစားသုံးသော ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင် တင်း ၁၀ဝ ကျပ်သိန်း ၂၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၆၅၀ဝ၀-၆၈၀ဝ၀ ၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀ဝကျပ် ၆၂၀ဝ၀- ၆၅၀ဝ၀ နှင့် ဈေး တန်း မြင့်သော ဧည့်မထအုပ်စုဝင် ရွှေသွယ်/ဧရာမင်း စပါး ပေါင် ၁၀ဝ၊ တင်း ၁၀ဝ ကျပ်၁၄ သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၅၂၀ဝ၀- ၅၃၀ဝ၀၊ ယင်းအပြင် ဈေးတန်းနိမ့်၍ အများဆုံး အရောင်းအဝယ်ဖြစ်လျက် ရှိသော မနော သုခမျိုး ပွား စပါး ပေါင် ၁၀ဝ၊ တင်း ၁၀ဝ ကို ကျပ် ၁၃ သိန်း ဝန်းကျင် ဆန်တစ်အိတ် ကျပ်၄၄၀ဝ၀ - ၄၅၀ဝ၀ ဈေးနှင့် နွေသီးထပ်ရင်စပါး ပေါင် ၁၀ဝ တင်း ၁၀ဝ ကို ကျပ် ၁၂ သိန်းဝန်းကျင် ဆန်တစ်အိတ် ကျပ် ၄၂၀ဝ၀-၄၃၀ဝ၀ ဈေးဖြင့် ရောင်းဝယ် လျက် ရှိပြီး ဆန်အရည်အသွေးပေါ် မူတည်၍လည်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀ဝ၀-၃၀ဝ၀ အတွင်း ဈေးနှုန်းကွာ ခြားမှုရှိကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။စက်တင်ဘာလ ဆန်စပါးဈေးကွက်တွင် တိုင်းအတွင်းနှင့်ရန်ကုန်၊ အထက်အညာဒေသ နယ်ပေါင်းစုံမှ  ဝယ်လိုအား မြင့်တက်၍ ဈေးနှုန်းမြင့် တက်မှုရှိပြီး ယခင်လဈေးနှုန်းမှာ စပါး တင်း ၁၀ဝ လျှင် ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ်ကျပ် ၂၀ဝ၀၊ ၃၀ဝ၀ ဈေးနှုန်းမြင့်တက်၍ ယခုလ ဈေးနှုန်း ပြန်လည်ကျဆင်းသွားကြောင်း ဆန်စပါးဈေးကွက်မှ သိရ သည်။        
မင်းမင်းဦး (ပသ)