Main menu

Background

ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သောင်းငါးထောင်ကျော် တင်ပို့

Mon, 06/05/2023 - 11:09 -- journal_editor

မေ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၇၉၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၆၀ဝ ကျော်နှင့် အာရှနိုင်ငံများသို့ တန်တန်ချိန် ၁၁၉၀ကျော် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့သောနိုင်ငံ များမှာ တူကီးယေးနိုင်ငံသို့ဆန်တန်ချိန် ၃၃၄၀ ကျော်၊ ပိုလန် နိုင်ငံသို့ ဆန်တန်ချိန် ၁၃၅၀၊  အင်္ဂလန်နိုင်ငံသို့ ဆန် ၁၂၇၅ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်၈၇၅ တန်၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀ဝ၊ အီတလီနိုင်ငံသို့ ဆန် ၆၂၅ တန်၊ ချက်နိုင်ငံ သို့ ဆန် ၃၅၄ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန်၂၅၀၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန် ချိန်  ၂၅၀၊ စလိုဗေးနီးယားနိုင်ငံသို့ဆန် ၁၂၅ တန်နှင့် ရိုမေးနီး ယားနိုင်ငံသို့ ဆန် ၁၀၄ တန် အသီးသီးတင် ပို့ခဲ့သည်။ဆန် တင်ပို့သော အာရှနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၂၀၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၂၀၊ ဟောင်ကောင်သို့ ဆန် ၁၀၃ တန်နှင့် သြစတြေးလျနိုင်ငံသို့ ဆန်တန် ၅၀ ကျော် တင်ပို့သည်။               
ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၂၃၀ ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုတန်ချိန် ၁၁၀ဝ၀ ရှိသဖြင့် ယခင်တစ်ပတ် ဆန် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန် ၃၅၀ဝ ကျော် ပိုမိုတင်ပို့ခဲ့ သည်။
မေ၂၀  ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ဝ၃၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၂၈၉၀ ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်  ၅၂၀၊ စင်ကာပူသို့ ၇၅ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့  တန်ချိန် ၅၀ဝ၀၊ စပိန်နိုင်ငံသို့ ၄၃၇၅ တန်၊ နယ်သာလန်နိုင်ငံသို့ ၁၃၇၅ တန်၊ အင်္ဂလန်နိုင်ငံသို့ တန်ချိန် ၇၅၀၊ ပိုလန်နိုင်ငံသို့ တန်ချိန် ၅၅၀၊ လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန်၂၀ဝ ခန့်နှင့် ဟန်ဂေရီ နိုင်ငံသို့ တန်ချိန် ၅၀ နီးပါးတင်ပို့ကြောင်း သိရသည်။
ယခုတစ်ပတ်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန်၁၇၁၀ ကျော် တင်ပို့နိုင်ခဲ့သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၄၆၀ဝ ကျော်ရှိသဖြင့် ယခင်တစ် ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၃၀ဝ နီးပါးပိုမို တင်ပို့ခဲ့သည်။  ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတန်ချိန် ၂၅၆၀ဝ ကျော်ရှိကြောင်း   သိရသည်။

အေးအေးသန့် DOT