Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများ

Mon, 06/05/2023 - 11:11 -- journal_editor

စစ်ကိုင်းတိုင်း  ဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော     ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များ အနေဖြင့် ‌ကန့်ဘလူခရိုင်တွင် ‌ဧရာမင်း စပါးဈေး အနည်းငယ်တက်နေပြီး ကျန် ခရိုင်များတွင်  ဈေးအေးနေကြောင်း သိရသည်။   စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မေလ နောက်ဆုံးပတ်တွင် ဖြစ် ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများ မှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘို ပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၂၈၅၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၉၅၀ဝ၀ဝ၊  ဧရာ မင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၈၀ဝ၀ဝ တို့ ဖြင့်  အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ရေဦးခရိုင်   ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၈၅၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်) တစ်အိတ် လျှင်ကျပ် ၉၀ဝ၀ဝ၊  ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ၁၉၅၀ဝ၀ဝ၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၈၀ဝ၀ဝ ကျပ်တို့ဖြင့်   အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
ကလေးခရိုင်   ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀ဝ၀ဝ၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၆၈၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၇၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၁၆၅၀ဝ၀ဝ၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင်  ကျပ် ၆၅၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊  ဆင်းဧကရီ-၃ ဆန် ၂၄  ပြည်တစ်အိတ်မှာ  ကျပ် ၆၃၀ဝ၀၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၇၅၀ဝ၀ဝ၊   ဧရာမင်း(ဆန်) ၂၄ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ တို့ ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊  ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်)၂၄ ပြည်   တစ်အိတ်လျှင်  ကျပ် ၉၅၀ဝ၀၊ မနောသုခ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊   မနောသုခ (ဆန်)၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ 
ကန့်ဘလူခရိုင်  ကန့်ဘလူမြို့ တွင်  ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)၂၄ ပြည်  တစ်အိတ်လျှင်   ကျပ် ၈၀ဝ၀ဝ၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ပေါ် ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင်  ကျပ် ၉၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးမှ မေလ   စတုတ္ထပတ်တွင် အခြားတိုင်းဒေသကြီး များသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၆၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၃၈၄၀ဝ၊   မကွေးသို့  အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့  အိတ်ရေ  ၉၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ   ၇၅၀ဝ၊   ရှမ်း (မြောက်)သို့ အိတ်ရေ ၇၅၀ဝ၊ ကချင်သို့ အိတ်ရေ ၁၅၀ဝ၊   စုစုပေါင်း  အိတ်ရေ  ၉၀၅၀ဝ အိတ်၊  တန်အားဖြင့် ၄၅၂၅ စီးထွက်ခဲ့ပြီး မေလနောက်ဆုံးပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့    ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၄၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၃၆၉၀ဝ၊ မကွေး သို့ အိတ် ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊   ရှမ်း (တောင်)သို့ အိတ်ရေ ၈၀ဝ၀၊   ရှမ်း(မြောက်)သို့အိတ်ရေ ၈၀ဝ၀၊ ကချင်သို့  အိတ်ရေ ၁၅၀ဝ၊ စုစု ပေါင်းအိတ်ရေ  ၈၉၀ဝ၀ အိတ်၊ တန် အားဖြင့် ၄၄၅၀ စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု တစ်ပတ်တွင် အိတ်ရေ  ၁၅၀ဝ၊  တန် အားဖြင့်  ၇၅  လျော့နည်း  စီးထွက်ခဲ့ ကြောင်း သိရသည်။  

  
တင်မာဝေ(မုံရွာ)