Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 06/05/2023 - 12:33 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်  မေ  ၂၉ ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ  ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၂ဒေါ်လာ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၇ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၅ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာ ခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၁ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၄ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၀ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၇ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။Thai Rice Exporter Association Websiteတွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ % ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများ၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။ 
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ထိုင်းနိုင်ငံ၏ ယခု  တစ်ပတ်အတွင်း ဆန်ဈေးနှုန်းမှာ ဇန်နဝါရီလနောက်ပိုင်း အမြင့် ဆုံးဈေးဖြစ်လာပြီး  ပြည်ပဝယ်လိုအားမှာ လျော့ကျနေသော ကြောင့် ဆန်သစ်ပေါ်ချိန်ကို စောင့်နေကြကြောင်း ဘန်ကောက်မြို့ မှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ကမ္ဘာ့ အများဆုံး ဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းမှာ ယခု တစ်ပတ်တွင် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် ဆန်သစ်ပေါ်ချိန်တွင် ဆန်များဝယ်ယူ နေကာ ၂၀၂၃ ခုနှစ် မေ  ၇ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဆန် တန်ချိန် ၁ ဒသမ ၂ သန်း ဝယ်ယူရန် ရည်မှန်းထားပြီး အရန်ဆန် အလုံအလောက် သိုလှောင်ထား၍  ပြည်တွင်းဆန်ဈေးနှုန်းကို ထိန်းထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ မှ ၈၈၀ဝ၀ ကြားနှင့် ရွှေဘို ပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိ သည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၂၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်း တည်ငြိမ်နေပြီး ဧည့်မထ ၂၅ မှတ်တန် ဆန် တစ်အိတ်လျှင် ကျပ် ၅၅၅၀ဝ မှ ၅၇၀ဝ၀ ကြား ပေါက်ဈေး ရှိနေကာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ကြမ်းဈေးနှုန်းမှာ ၂၀ဝ၀ ကျပ် မြင့်တက်လာကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ  ၁ ရက်မှ မေ ၂၆ရက် အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၈၆၄၉၇ ဒသမ ၁၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅၉၇ သန်း၊ ဆန်ကွဲတန်ချိန် ၉၇၅၀၆ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅၅၂ သန်း၊ စုစုပေါင်း  ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၈၄၀ဝ၃ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၁၄၉ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၂၄၂၇၆၈ ဒသမ ၁၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၃၅ သန်း၊ ဆန်ကွဲတန်ချိန် ၁၅၁၀၇၃ ဒသမ ၆၀ဝ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄၇ ဒသမ ၅၉၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၉၃၈၄၁ ဒသမ ၇၅၀ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၃၃ ဒသမ ၃၃၃ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၅၆၂၇၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၁၃၈ သန်းနှင့် ဆန်ကွဲ တင်ပို့မှု အနေဖြင့် ဆန်ကွဲတန်ချိန် ၅၃၅၆၇ ဒသမ ၁၀ဝ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၀ ဒသမ ဝ၄၆ သန်း လျော့နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၇ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၆၄၆၃၅ ကျပ်မှ ၆၆၇၂၀ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့်  တစ်ဘတ်လျှင် ၈၆ ကျပ်နှုန်း ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ  မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန်  တစ်ပြည်လျှင် ဟားခါးမြို့တွင် ၄၃၅၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ၂၆၀ဝ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိရသည်။
Trading Economics Website  တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၄ ဒသမ ၂၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက် ရှိ ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် မေလနောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ  အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။