Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/17/2023 - 16:03 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၄၉ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၄ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၅၁၂ ဒေါ်လာဖြင့်  လည်း ကောင်း၊ ပေါင်းဆန် တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၅၃၄ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၇ ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။  Thai Rice Exporter Association ၌ ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း  ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊  ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ပြီး ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ 
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အယ်နီညိုရာသီ ဥတုကြောင့် ဆန်အဓိကထုတ်လုပ်သည့် နိုင်ငံများနှင့် တင်ပို့သည့်  နိုင်ငံများ၏ စပါးအထွက်နှုန်း ထိခိုက်နိုင်မည်ကို စိုးရိမ်နေကြပြီး အရန်ဆန်ဖူလုံရေးအတွက် ကြိုတင် ဝယ်ယူတင်သွင်းမှုများရှိနေ ကြကြောင်း သိရှိရသည်။ ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယနိုင်ငံ တွင် လယ်သမားများ ဝင်ငွေတိုးအောင် အစိုးရက စပါးဈေးနှုန်းများ ကို တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာပြီး ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပို့ကုန်ဆန်ဈေး နှုန်းသည်လည်း မြင့်တက်လာကြောင်း သိရှိရသည်။ ထိုသို့ ကမ္ဘာ့ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အာဖရိကနိုင်ငံများမှ ဆန် ဝယ်ယူတင်သွင်းမှုသည်လည်း လက်နှေးသွားပြီး အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံကဲ့သို့သော အာရှဝယ်လက်များသည် အရန် ဆန်သိုလှောင်မှုဖြည့်တင်းရန် ဗီယက်နမ်ဆန်ဝယ်ယူမှုများတိုးလာ ခဲ့ကြောင်း သိရှိရသည်။
ပြည်တွင်း  ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀ မှ ၉၆၀ဝ၀ ကြား ပေါက် ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ မှ ၁၁၁၀ဝ၀ ကြားပေါက်ဈေးရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော   ဧည့်မထရိုးရိုးဆန်  တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၁၅၀ဝ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၅၅၀ဝ မှ ၅၇၀ဝ၀ ကြား ပေါက်ဈေးရှိ ကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ ကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၂၂၈၉၇ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၆၆၅ သန်း၊ ဆန်ကွဲ တန် ချိန် ၁၅၈၅၂၄ ဒသမ ၆၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ဝ၂၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၈၁၄၂၁ ဒသမ ၈၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၆၉၀ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၃၈၄၇၄၁ ဒသမ ၈၀ဝ တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၆၅၈ သန်း၊ ဆန်ကွဲတန်ချိန် ၂၅၁၁၇၈ ဒသမ ၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၈၃၉ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၆၃၅၉၂၀ ဒသမ ၁၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၄၉၇ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်လျှင်   ဆန်တန်ချိန် ၂၆၁၈၄၄ ဒသမ ၅၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၉၉၃ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၉၂၆၅၃ ဒသမ ၇၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၁၄ သန်း လျော့နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ်   နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၄၃၅ ကျပ်နှုန်းရှိသောကြောင့်  ဆန်တစ်အိတ်လျှင် ၆၇၄၂၅ ကျပ်မှ ၆၉၆၀ဝ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၉ ကျပ်နှုန်း ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန်  တစ်ပြည်လျှင်   ဟားခါးမြို့တွင် ၄၃၅၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ကျပ် ၂၆၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိရသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါ က ၂ ဒသမ ၉၈ ရာခိုင်နှုန်း  ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင် ဒုတိယပတ်တွင် နိုင်ငံတကာဆန် ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။