Main menu

Background

ပြည်ခရိုင်၏ မန်ကျည်းမှည့်နှင့် ကြက်သွန်နီဈေးကွက်

Tue, 05/09/2023 - 15:16 -- journal_editor

မန်ကျည်းမှည့်
မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်၍ ဈေးကွက်ရှိ သဖြင့် ပြည်ပွဲရုံများမှ အစေ့ပါ(သို့မဟုတ်) အစေ့မပါဈေးနှုန်း များဖြင့် ပြည်ကုန်သည်များမှ ဝယ်ယူကြပြီး  ပြည်မြို့မှတစ်ဆင့် ရန်ကုန်၊ ရခိုင်နှင့် ဧရာဝတီတိုင်းများသို့ တင်ပို့ကြသည်။ ပြည် ဈေးကွက်ရှိ၊ မန်ကျည်းဈေးမှာ ဧပြီလ နောက်ဆုံးပတ်တွင် လက်ကား (ပွဲရုံဈေး) အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ နှင့် အစေ့မပါ (အသား)ဈေး တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ-၂၄၀ဝ၊  လက်လီဈေး အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ-၁၄၀ဝ  အစေ့မပါ (အသားဈေး) ကျပ် ၃၀ဝ၀-၄၀ဝ၀ ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုမေလဆန်းမှစ၍ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
ကြက်သွန်နီ
ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံများ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ပျမ်းမျှတစ်ပတ်ကို ကျပ် ၂၀ဝ ခန့် ဧပြီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်လျက်ရှိ သည်။ ယခင်ဧပြီလဆန်းပိုင်းတွင် တစ်ပိဿာကို လက်လီဈေး ကျပ် ၁၂၀ဝ-၁၄၀ဝ ရှိရာမှ ယခုကာလတွင် ကျပ် ၁၈၀ဝ-၂၀ဝ၀ ထိ မြင့်တက်လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာချိန် ၅၅၀ဝ၀ ခန့် အဝင်ရှိနေကြောင်းသိရသည်။ ပွဲရုံလက်ကားဈေး တစ်ပိဿာ ကို (ကြီး/လတ်/သေး) ကျပ်  ၁၅၀ဝ-၁၆၀ဝ-၁၇၀ဝ တို့ရှိပြီး လက်လီဈေးများတွင် ကျပ် ၁၇၀ဝ-၁၉၀ဝ-၂၁၀ဝ တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ အရောင်းအဝယ်မှာလည်း ခြောက်သွေ့ကာလ ဖြစ်သည့်အတွက်  ကြက်သွန်နီ အရည်အသွေးကောင်းသဖြင့် ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများ၊ ဧရာဝတီတိုင်း (ကြံခင်း၊ မြန်အောင်)၊ ရခိုင်(တောင်ကုတ်)တို့သို့ စီးဆင်းမှုများအပါအဝင် ဝင်ရောက်မှု၏ ထက်ဝက် ကျော်ခန့် ရောင်းဝယ်မှုရှိနေသည်။
ဝင်းဝင်းခိုင်၊ ဝင်းလဲ့ဝါ (ပြည်)