Main menu

Background

ရွှေရည်ညွှန်းဈေး ကျပ် ၃၀၇၇၉၀ဝ ရှိ

Mon, 11/20/2023 - 11:00 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ နိုဝင်ဘာ ၁၆ ရက် ပေါက်ဈေးအရ ကျပ် ၃၀၇၇၉၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၉၆၃ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် နိုဝင် ဘာ ၁၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၅၇၀ဝ၀၊ ၁၁ ရက်တွင် ကျပ် ၃၀၃၀၅၀ဝ၊ ၁၃ ရက်တွင် ကျပ် ၃၀၃၂၀ဝ၀၊ ၁၄ ရက်တွင်ကျပ် ၃၀၄၉၇၀ဝ၊ ၁၅ ရက်တွင် ကျပ် ၃၀၈၈၉၀ဝ၊ ၁၆ ရက်တွင်ကျပ် ၃၀၇၇၉၀ဝ ဖြစ်ကြောင်း သိရ သည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ နိုဝင်ဘာ ၁၀ ရက်တွင် ၁၉၅၅ ဒေါ်လာ၊ ၁၁ ရက်တွင် ၁၉၃၈ ဒေါ်လာ၊ ၁၃ ရက်တွင် ၁၉၃၉ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၉၄၅ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၉၇၀ ဒေါ်လာ၊ ၁၆ ရက်တွင် ၁၉၆၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ွ့နဗ အနေနှင့် ယခင်က ရွှေရည်ညွှန်းဈေးကို ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်းဈေး ကျပ် ၂၁၀ဝ အပေါ်တွင် တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်း ဘဏ်များအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်မှနေ၍ ရောင်း ဝယ်ကြသည့် အမေရိကန်ဒေါ်လာနှုန်းထား ၂၉၃၇ ကျပ်ဖြင့် တွက်ချက်ထုတ်ပြန် နေခြင်းဖြစ်သည်။                                                                                

 

   ပန်းဆု