Main menu

Background

ကော်ဖီ တန်ချိန် ၂၀ဝ၀ ခန့် ပြည်ပတင်ပို့ရန် လုပ်ဆောင်နေ

Tue, 05/07/2024 - 12:01 -- journal_editor

မြန်မာနိုင်ငံက ထွက်ရှိသည့် ကော်ဖီ တန်ချိန် ၂၀ဝ၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် စတင် လုပ် ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရ သည်။
နှစ်စဉ် ပြည်တွင်း၌ ကော်ဖီတန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြား ထွက်ရှိပြီး ပြည်ပတင်ပို့ရာတွင် ထွက်ရှိမှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေခြင်းဖြစ်သည်။
ယင်းသို့ တင်ပို့ရာတွင် ပြည်ပဈေးကွက်၌ မြန်မာ့ကော်ဖီ ၏ အရည်အသွေးနှင့် အမျိုးအစားအလိုက် ကော်ဖီ တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၅၅၀ဝ မှ ၈၃၀ဝ ခန့်အထိ ဈေးရရှိ နေကြောင်း သိရသည်။
မြန်မာ့ကော်ဖီများကို ယခု ၂၀၂၄ ခုနှစ်၊ ကော်ဖီရာသီ တွင် အမေရိကန်၊  နယ်သာလန်၊  သြစတေးလျ၊  ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ မြန်မာ့ကော်ဖီကို ရှမ်းပြည်နယ်တွင် အများ ဆုံး စိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင် နှင့်  ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
တစ်နိုင်ငံလုံး   အတိုင်းအတာအနေဖြင့် ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးဧက ၅၀ဝ၀ဝ ကျော်ရှိပြီး အာရေဗီးကားကော်ဖီ စိုက်ဧက ၃၈၀ဝ၀ ကျော်၊ ရိုဘတ်စတာကော်ဖီ စိုက်ဧက ၁၂၀ဝ၀ ကျော် ရှိကာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆွတ်ခူးလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် မြန်မာ့ကော်ဖီကို  နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တန်ချိန် ၁၀ဝ၀ နှင့် ၁၅၀ဝ ကြား တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား အာရှနိုင်ငံများသို့ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် တန်ချိန် ၅၀ဝ နှင့် ၈၀ဝ ကြား တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင်လည်း ယင်းသို့တင်ပို့နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ကော်ဖီအသင်းမှ သိရသည်။
လက်ရှိတွင် ပြည်ပဈေးကွက်မှ မြန်မာ့ကော်ဖီ ဝယ်လို အား မြင့်တက်လာနေပြီး ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အဓိကအသုံးပြု ကာ ဘဏ္ဍာနှစ်အလိုက် ကော်ဖီတိုးချဲ့စိုက်ပျိုးပြီး စုစုပေါင်း ဧက တစ်သိန်းအထိ စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းဆု