Main menu

Background

ပြည်တွင်း၌ ဝယ်လိုအား မြင့်တက်နေသည့် သွင်းကုန်အစားထိုး ပီလောပီနံမှုန့်များ

Tue, 05/07/2024 - 12:48 -- journal_editor

ပီလောပီနံသည် စိုက်ပျိုးရန် လွယ်ကူပြီး လုပ်အားခနှင့်ကုန်ကျ စရိတ်များ သက်သာသဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်/ ကျေးရွာ များတွင် နေရာအနှံ့စိုက်ပျိုးကြသည်။ အချို့တွင် အိမ်ခြံစည်းရိုးများ ၌ပင် စိုက်ပျိုးကြသည်။
ဇန်နဝါရီလ နောက်ပိုင်းတွင် ဝဥရာသီကုန်ဆုံးချိန်ဖြစ်သဖြင့် မွန်ပြည်နယ်ရှိ ဝဥစက်ရုံအချို့မှာ ပိတ်ထားရပြီး အချို့မှာ ပီလော ပီနံများကို  ထုတ်လုပ်လျက်ရှိသည်။  ပီလောပီနံဈေးနှုန်းများမှာ ပီလောပီနံအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်း ကျပ် ၅၀ဝ-၁၀ဝ၀ဖြင့် ဝယ်ယူရရှိပြီး အမှုန့်ကြိတ်ကာ အမှုန့်တစ်ပိဿာလျှင် ကျပ်  ၃၀ဝ၀ ဖြင့် ရောင်းချကြောင်း သိရှိရသည်။ ယခင်နှစ်များက ပီလောပီနံအမှုန့်များကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် ဂျုံမှုန့်များမှာ ဈေးနှုန်းကြီးမြင့် သဖြင့် ဂျုံမှုန့်နေရာတွင် ပီလောပီနံမှုန့်များကို အစားထိုး အသုံးပြု လာကြသဖြင့် ပြည်တွင်း ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း ဝဥ စက်ရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ 
ပီလောပီနံမှုန့်များကို စားသောက်ကုန်များဖြစ်သည့် ကော်မှုန့်၊ သာဂူချောင်း၊ သာဂူစေ့များပြုလုပ်ခြင်း၊ စားသောက်ကုန်များ ပြုလုပ် ရာတွင် ဂျုံမှုန့်နှင့်  ရောနှောအသုံးပြုခြင်း၊ တိရစ္ဆာန်အစာ တောင့်များ ပြုလုပ်ခြင်းတို့တွင် အသုံးပြုကြကြောင်း သိရသည်။ 

 

မိုးမိုး (မွန်)