Main menu

Background

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဈေးပြန်တက်နေ

Wed, 12/21/2022 - 13:15 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် ပဲမျိုးစုံဈေးကျခဲ့ ရာမှ ဒုတိယပတ်တွင် ဈေးပြန်တက်လာကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၅၅၀ဝ-၅၆၀ဝ၀-၅၆၅၀ဝဖြင့် တစ်နေ့ကိုအိတ်၁၀ဝခန့်သာ အဝယ်ရှိခဲ့ သည်။ ဒုတိယပတ်တွင် မတ်ပဲဈေး ပြန်တက်လာပြီး မတ်ပဲတစ်တင်းကို ကျပ် ၅၇၀ဝ၀-၅၇၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝခန့် အရောင်း အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် မတ်ပဲဈေးပြန်မြင့်လာ၍ ယခင်တစ်ပတ် ကထက် ၁၀ဝ၀ ကျပ်ခန့် မြင့်တက်လာခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ၊ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းကို ကျပ် ၄၆၀ဝ၀  ဖြင့် ရန်ကုန်၊ မန္တလေး အဝယ်တစ်ရက်ကို အိတ် ၅၀ဝ/၆၀ဝခန့် အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင်  ပဲတီစိမ်း  တစ်တင်းကို ကျပ် ၄၇၀ဝ၀-၄၇၅၀ဝ ဖြင့် မန္တလေးအဝယ် တစ်ရက်ကို   အိတ် ၆၀ဝ/၇၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို  ကျပ် ၅၉၀ဝ၀ ဖြင့် အရောင်းအဝယ် တစ်ခါတစ်ရံမှသာဖြစ်သည်။  ဒုတိယ ပတ်တွင်  ပဲစင်းငုံ တစ်တင်းကို  ကျပ် ၆၀ဝ၀ဝ ဖြင့် တစ်ခါတစ်ရံမှသာ ရန်ကုန် အဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ  ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၀၅၀ဝ-၆၁၀ဝ၀ ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၀၅၀ဝ-၆၁၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀ဝ/၃၀ဝခန့် အဝယ်ရှိသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို  ကျပ် ၆၁၅၀ဝ- ၆၂၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၁၅၀ဝ-၆၂၀ဝ၀ ဖြင့် ဈေးတက်လာခဲ့ပြီး   မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ ပြည် ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀/ ၁၀ဝခန့် အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၁၀ဝ၀ဝ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀/၁၀ဝ ခန့် အဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင် ဒီဇင်ဘာလပထမပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို  ကျပ် ၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ/၁၅၀ခန့် အဝယ်ရှိသည်။ ဒီဇင်ဘာဒုတိယပတ်တွင် ဗိုလ်ကိတ်ဈေးကျပြီး ပဲတစ်တင်းကို ကျပ် ၃၉၀ဝ၀-၃၉၅၀ဝ ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိပြီး  တစ်ရက်ကို အိတ် ၁၀ဝ/၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်သည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်မှုမှာ ပုံမှန်သာဖြစ်လျက်ရှိကြောင်း သိရှိရသည်။  

မိမိအေး(ပြည်)