Main menu

Background

ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်နှင့် ယခုနှစ် ပဲဈေးနှုန်းနှိုင်းယှဉ်ချက်

Tue, 01/03/2023 - 12:35 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲများမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးမှာ ကျနေပြီး ကုလားပဲဈေး တက်နေကြောင်း သိရှိရ သည်။ ယခင်နှစ်နှင့် ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ် ပဲဈေးများကို နှိုင်းယှဉ်ကြည့်လျှင်  ယခင်နှစ်က ပဲဈေးမှာ ယခုနှစ်လောက် ဈေး ကောင်းမရကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်၌ ဒီဇင်ဘာ စတုတ္ထပတ်တွင် မတ်ပဲတစ် တင်းကို ကျပ် ၅၆၀ဝ၀-၅၅၇၀ဝဖြင့် တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့်အဝင်ရှိပြီး လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိသည်။  ပဲသစ်များ ပေါ်နေပြီဖြစ်၍ ပဲဟောင်းထုတ်ရောင်းသူ များနေသည်။ ယခင်နှစ် က ဒီဇင်ဘာလ စတုတ္ထပတ်တွင် မတ်ပဲဈေး  တစ်တင်းကို ကျပ် ၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် ပဲတစ်တင်းကို ကျပ် ၆၀ဝ၀ ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်၌  ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ် ၄၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး တစ်ရက်ကို အိတ် ၇၀ဝ၊ ၈၀ဝ ခန့် ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့မှုရှိခဲ့သည်။ ယခင်နှစ်က ဒီဇင်ဘာလစတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းကို ကျပ် ၄၄၅၀ဝ ဖြင့် မန္တလေးဝယ်လက်ရှိခဲ့ပြီး ယခုနှစ် ဈေးက ယခင်နှစ်ထက် ကျပ် ၁၅၀ဝ ဈေးပိုရခဲ့သည်။
ဒီဇင်ဘာလ စတုတ္ထပတ်၏  ပဲစင်းငုံဈေးမှာ ပဲတစ်တင်းကို ကျပ် ၅၅၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် ပန်းတောင်း နှင့် ကံမဘက်မှ ပြည်သို့ ပဲသစ်များအဝင်ရှိခဲ့သည်။ အရောင်း အဝယ်မှာ ရန်ကုန်ဝယ်လက် တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ယခင်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၂၉၀ဝ၀ ဖြင့် အဝယ်ရှိပြီး ယခုနှစ်ဈေးမှာ ကျပ် ၂၆၀ဝ၀ ခန့် ဈေးပိုရ ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ် ကုလားပဲ (HL)  တစ်တင်း ကျပ် ၆၅၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝခန့် ခွဲစက်သမား များနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ ကုလားပဲလက်ကျန်လည်း နည်း နေပြီဖြစ်၍  ပဲဈေးတက်နေပြီး  အရောင်းအဝယ်မှာ သွက်လျက် ရှိသည်။ ယခင်နှစ်ကုလားပဲ (HL) ဈေးမှာ တစ်တင်းကို ကျပ် ၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်ထက် ကျပ် ၃၅၀ဝ၀ ခန့် ဈေးပို မြင့်ခဲ့သည်။
ပြည်ကုန်စည်ဒိုင်၏ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဗိုလ်ကိတ်ပဲဈေး တစ်တင်းကို ကျပ် ၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၅၀၊ ၁၀ဝ ခန့် အဝယ်ရှိခဲ့ သည်။ ယခင်နှစ် ဒီဇင်ဘာလစတုတ္ထပတ်မှာ ဗိုလ်ကိတ်ပဲ တစ်တင်း ကို ကျပ် ၂၉၅၀ဝ  ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ ယခင်နှစ်နှင့် ယခုနှစ် ကာလတူ ဗိုလ်ကိတ်ပဲဈေးမှာ တစ်တင်းကို ကျပ် ၁၀၅၀ဝ ခန့် ဈေးပိုခဲ့ကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်က ပဲမျိုးစုံဈေးမှာ ယခုနှစ် လောက် ဈေးမကောင်းကြောင်း သိရှိရသည်။ ပဲအရောင်းအဝယ် ဖြစ်မှုမှာလည်း ယခုနှစ်  ဒီဇင်ဘာလ  စတုတ္ထပတ်က အရောင်း အဝယ် ပိုကောင်းကြောင်း သိရှိရသည်။
မိမိအေး (ပြည်)