Main menu

Background

ကံမမြို့မှ ထွက်ရှိသည့် ပဲမျိုးစုံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Thu, 01/05/2023 - 15:23 -- journal_editor

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိ လိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာစသည့် ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဒီဇင်ဘာ တတိယပတ်တွင် ကံမမြို့ပေါ်ရှိပွဲရုံများသို့ ပဲတီစိမ်းမှာ ပိဿာ ၃၀ ဝင် တစ်အိတ် လျှင် ကျပ် ၆၇၅၀ဝ ဖြင့် နေ့စဉ် ၁၅ အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ ပိဿာ ၃၀ ဝင်တစ်အိတ် လျှင် ကျပ် ၈၄၇၅၀ ဖြင့် နေ့စဉ်  ၅၀ အိတ်ခန့်ဝင်ရောက်ကြောင်း၊ ထို့ပြင် ပဲစင်းငုံ(အသစ်) များထွက်ပေါ် လျက်ရှိရာ ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ကျပ်  ၇၉၅၀ဝ ဖြင့် (၄/၅)အိတ်ခန့် စတင်ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကို ပြည်မြို့သို့ ကားဖြင့်တင်ပို့ရောင်းချရကြောင်း ကံမမြို့ပေါ်ရှိ ကုန် သည်တစ်ဦးထံမှ သိရသည်။
မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ ဥသျှစ်ကုန်း၊ မင်းတည်း စသည့် ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းသီးနှံမှာလည်း ဒီဇင်ဘာ တတိယပတ်တွင် ရေနံ့သာကျေးရွာရှိ ပွဲရုံများမှ  ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၆၉၀ဝ၀ ဖြင့် လက်ကျန်ပဲများအား ဝယ်ယူလျက်ရှိကြောင်း၊ နေ့စဉ် ၁၅ အိတ် ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ  ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၈၆၂၅၀ ဖြင့် နေ့စဉ် အိတ် ၇၀ မှ ၈၀ ခန့်ဝင်ရောက်ကြောင်း၊ မြေပဲသီးနှံဖြစ်သော မြေပဲဆန်ဖြူ အလုံးသေး တစ် ပိဿာလျှင် ကျပ် ၄၃၅၀၊ အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝဈေးရှိပြီး၊ မြေပဲဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၅၆၀ဝ ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်ဝယ်ယူရရှိသည့်သီးနှံများကို ရေနံ့သာ ကျေးရွာရှိ ကုန်ကားများဖြင့် ပြည်မြို့သို့ တင်ပို့ရောင်းချရကြောင်း၊ တောင်ချောင်းနှင့် မြောက်ချောင်း သီးနှံဈေးနှုန်း ကွာခြားရခြင်းမှာ ရေနံ့သာမှ ကံမမြို့သို့ ကားသယ်ယူခစရိတ် ကွာခြားရခြင်းကြောင့်ဖြစ်ကြောင်း ရေနံ့သာကုန်သည်တစ်ဦးထံမှ သိရှိရသည်။                                            

နွဲ့ယဉ်ဝင်း (ကံမ)