Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ရသော ပဲဈေးနှုန်း ဈေးကွက်အခြေအနေ

Mon, 01/01/2024 - 11:52 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော ပဲများ မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲတို့ ဖြစ်ကြောင်း သိရသည်။ 
ပြည်ကုန်စည်ဒိုင်၏ ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၃၅၀ဝ-၉၄၀ဝ၀ ဖြင့် တစ်ရက်ကိုအိတ် ၁၀ဝ-၁၀ဝ ခန့် ရန်ကုန်အဝယ်ရှိသည်။  ယခင်နှစ်  ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၅၅၀ဝ၀-၅၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ် ပဲတစ်တင်းလျှင် ကျပ် ၃၈၅၀ဝ-၃၈၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင်   ကျပ် ၉၆၅၀ဝ၊ ယခင်နှစ်  ယခုလိုအချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၅၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲတစ်တင်းလျှင်  ကျပ် ၃၇၅၀ဝ ခန့် ဈေးပိုရခဲ့သည်။   ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင်  အိတ် ၁၅၀-၂၀ဝ ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။  
ပဲတီစိမ်း
ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ် ၄၆၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ် တင်းလျှင်  ကျပ် ၆၂၅၀ဝ ဖြင့် မန္တလေးအဝယ်  တစ်ရက်လျှင် အိတ် ၅၀ဝ-၆၀ဝခန့် အဝယ်ရှိသည်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းကို ကျပ် ၁၆၅၀ဝ ခန့် ယခုနှစ်တွင် ဈေးပိုရခဲ့သည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ် ၆၂၀ဝ၀ဖြင့် မန္တလေး၊ ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၅၀ဝ-၆၀ဝ ခန့်ရှိခဲ့သည်။ ယခင် နှစ် ယခုလို အချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင်  ကျပ် ၄၆၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ယခုနှစ်တွင် ပဲတီစိမ်း တစ်တင်းလျှင်  ကျပ် ၁၆၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ 
ကုလားပဲ
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကုလားပဲ ဟော်လန် တစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀-၉၃၅၀ဝ ဖြင့်တစ်ရက်ကို  မြို့တွင်း အဝယ် အိတ် ၃၀ဝ-၄၀ဝခန့် ရှိခဲ့သည်။ ယခင်နှစ်ဒီဇင်ဘာ တတိယ ပတ်တွင် ကုလားပဲဟော်လန် တစ်တင်းလျှင်  ကျပ် ၆၂၀ဝ၀ ခန့်ရှိပြီး ယခုနှစ်တွင် ကုလားပဲတစ်တင်းလျှင် ကျပ် ၃၁၅၀ဝ-၃၂၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်တွင် ကုလားပဲ ဟော်လန် တစ်တင်းလျှင် ကျပ် ၉၄၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင်  အိတ် ၄၀ဝ-၅၀ဝ ခန့်ရှိခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်တွင် ကုလားပဲဟော်လန် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ် ကုလားပဲဟော်လန်ဈေးမှာ  တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ခန့် ဈေးပိုရခဲ့သည်။ 
ပဲကြီး
ယခုနှစ် ဒီဇင်ဘာတတိယပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်း ကို ကျပ် ၁၃၀ဝ၀ဝ ဖြင့်  မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် ၂၅၀-၃၀ဝခန့် အဝယ်ရှိခဲ့သည်။ ယခင်နှစ် ဒီဇင်ဘာ တတိယ ပတ်တွင်  ပဲကြီး (ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ခန့်ရှိပြီး ယခု နှစ် ပဲတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ခန့်  ဈေးပိုရခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၁၂၈၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားတစ်ရက်ကို အိတ် ၄၀ဝ-၅၀ဝ ခန့်ရှိခဲ့သည်။ ယခင်နှစ်ဒီဇင်ဘာ စတုတ္ထပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် ပဲကြီး (ကုန်းပဲ)တစ် တင်းလျှင် ကျပ် ၅၈၀ဝ၀  ခန့် ဈေးပိုရခဲ့သည်။ 
စားတော်ပဲ
ယခုနှစ် ဒီဇင်ဘာ တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၂၀ဝ၀ဝ  ဖြင့်မြို့တွင်းအဝယ်တစ်ရက်လျှင်  အိတ်  ၅၀-၁၀ဝ ခန့်ရှိသည်။ ယခင်နှစ်ဒီဇင်ဘာတတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၁၁၂၀ဝ၀ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့်ရှိသည်။ ယခုနှစ် ဒီဇင်ဘာတတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။ ယခုနှစ် ဒီဇင်ဘာစတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၁၁၂၀ဝ၀ ရှိပြီး ယခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်းလျှင်  ကျပ် ၁၂၀ဝ၀ဝဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင်  အိတ် ၅၀-၆၀ ခန့် ရှိခဲ့သည်။ ပဲတစ်တင်းလျှင် ကျပ် ၈၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။
ဗိုလ်ကိတ်
ယခုနှစ်ဒီဇင်ဘာတတိယပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်း လျှင် ကျပ် ၇၆၀ဝ၀ဖြင့် တစ်ရက်ကို မြို့တွင်းနှင့် ရန်ကုန်အဝယ် အိတ် ၅၀-၁၀ဝ  ခန့်ရှိသည်။ ယခင်နှစ်က  ဒီဇင်ဘာတတိယပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းလျှင် ကျပ် ၃၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့သည်။ ယခုနှစ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ခန့် ဈေးပိုရခဲ့ သည်။ ယခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းကို ကျပ် ၇၂၀ဝ၀ ဖြင့်  မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့် ရှိခဲ့သည်။ ယခင်နှစ် ဒီဇင်ဘာစတုတ္ထပတ်တွင် ဗိုလ် ကိတ်ပဲ တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ် သောကြောင့် ပဲတစ်တင်းလျှင် ကျပ် ၃၂၀ဝ၀ ခန့် ဈေးပိုရခဲ့သည်။
ပြည်ကုန်စည်ဒိုင်၏  ယခင်နှစ် ဒီဇင်ဘာ တတိယပတ်နှင့် စတုတ္ထပတ်ဈေးနှင့် ယခုနှစ် ကာလတူအချိန် ပဲဈေးများကို နှိုင်း ယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးမှာ ပိုမိုကောင်းမွန်ပြီး အရောင်း အဝယ်လည်း ပိုကောင်းကြောင်း သိရှိရသည်။         
 မိမိအေး(ပြည်)