Main menu

Background

နိဝင်ဘာလအတွင်း မူဆယ် မှ တရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Tue, 12/01/2020 - 13:52 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာနိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖရဲသီးတင်ပို့မှု ၃၃၅ စီး၊  ၄၉၇၅ တန်နှင့် သခွားမွေး  ၂၀ စီး၊ ၂၂၅ဒသမ၅၀တန် တင်ပို့ နိုင်ခဲ့ပါသည်။

    သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၆၄၄၇တန်၊ သခွားမွေးတင်ပို့မှု ၁၄ တန်ဖြစ်ပြီး၊ နိုဝင်ဘာလတတိယပတ် ဖရဲသီးတင်ပို့မှု (၄၈၈၂ဒသမ၅၀)တန်နှင့် သခွားမွေးတင်ပို့မှု ၁၂၃ တန်ဖြစ်သဖြင့် နိုဝင်ဘာလတတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၁၅၆၄ဒသမ၅တန် လျော့နည်းခဲ့ပြီး၊ သခွားမွေး၁၀၉တန် ပိုမိုတင်ပို့နိုင်ပါသည်။

        ဖရဲသီးဈေးနှုန်းမှာ ၁၃.၁၁.၂၀၂၀နေ့မှစ၍ ဖရဲသီးတစ်တန် ၁၅၀ဝ မှ ၆၀ဝ၀ ယွမ်နှင့် ဖရဲအဝိုင်းကြားသီးမှာ တစ်တန် ၁၅၀ဝ မှ ၆၂၀ဝယွမ်ဖြင့် တည်ငြိမ်နေပြီး၊ သခွားဈေးနှုန်းမှာ ယခင်ပတ်က တစ်တန် ၁၅၀ဝ မှ ၄၀ဝ၀ယွမ်ရှိရာမှ ယခုပတ်၁၆.၁၁.၂၀၂၀ရက်နေ့မှစ၍ တစ်တန်၁၂၀ဝ မှ ၅၀ဝ၀ယွမ်  ရောင်းရပါသည်။ ငွေဈေးနှုန်းမှာ  တစ်ယွမ်လျင် မြန်မာငွေ ၁၉၈ ကျပ်ဝန်းကျင် ဖြစ်ပါသည်။

      ၂၉.၃.၂၀၂၀ မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကားဒရိုင်ဘာများကို ဝင်ခွင့်မပြုဘဲ တရုတ်ဖက်မှ ရွှေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ် နေရသည် မှာလည်း ၂၀.၄.၂၀၂၀နေ့မှစ၍ ယနေ့အထိဖြစ်သည်။

       တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင် မြန်မာစံတော်ချိန်  ည၈နာရီခွဲအထိ  ခွင့်ပြုပေးထားရာမှ  ဇွန်လ ၂ ရက်နေ့မှစ၍ ညနေ၄နာရီခွဲသို့  ပြောင်းလဲ သတ်မှတ်မှုရှိခဲ့သော်လည်း ယခုရက်ပိုင်း ကျင်ဆန်းကျော့လမ်းတွင် ဆန်၊ ပဲပြောင်း၊ ကြက်သွန်၊ ရော်ဘာ၊ ကုန်စုံနှင့် ခါလီအဝင်ကားများနှင့် ကြပ်တည်းနေမှုအား  သစ်သီးဝလံကုန်စည်ဒိုင်မှ လူအားဖြင့်ဝိုင်းဝန်းကာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကြောင့် သစ်သီး၊  ရေထွက်နှင့် ကြက်သွန်ကားတန်းတစ်ခု ရရှိခဲ့ပြီး သစ်သီးကားများ တစ်ရက်လျင် ကားစီးရေ(၁၀ဝ)ခန့် တင်ပို့၍ရနိုင်ပြီဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ   သတင်းရရှိပါသည်။

 

   နေမျိုးထိုက်ကျော်

    မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန