Main menu

Background

နနွင်းတန်ချိန် ၁၀၀ ကျော်တင်ပို့

Thu, 12/03/2020 - 14:57 -- journal_editor

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၈၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ ၅၂ ဒသမ ၅ တန် ၊ ပါကစ္စတန်နိုင်ငံသို့ ၄၂ ဒသမ ၃၅ တန်နှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၂၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၆၈ တန်ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် ပျမ်းမျှအမေရိကန်ဒေါ်လာ ၄၉၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈၄၃၈ ဒေါ်လာ ၀င်ငွေ ရရှိခဲ့ကြောင်းသိရ သည်။

သီတာဝင်း(DOT)