Main menu

Background

မြေသြဇာတန်ချိန် ၆၀၀၀ ကျော်တင်သွင်း

Thu, 12/03/2020 - 15:01 -- journal_editor

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၃၇၂၅၈ တန်ဖိုးရှိ မြေသြဇာ ၆၁၄၅ ဒသမ ၀၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၂၁၀၈ တန်၊ အီဂျစ်နိုင်ငံမှ ၆၇၂ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၅၃ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၆၈ ဒသမ ၇၀ တန်၊ နယ်သာလန်နိုင်ငံမှ ၂၄၃ ဒသမ ၃၆ တန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။

          တင်သွင်းခဲ့သည့်အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ ကွန်ပေါင်း၊ အော်ဂဲနစ်၊ ကွန်ပေါင်း( Three Circles)၊ ယူရီးယား(စုစံ)၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊ ကွန်ပေါင်း(၁၆:၁၆:၈)နှင့် ယူရီးယား(၄၆%)(ဂျန်ဘို)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာတန်ချိန် ၂၂၈၆၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၆၇၁၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ 

သီတာဝင်း(DOT)