Main menu

Background

ဧရာမတ်ပဲ ဈေးအကျဘက်တွင်ငြိမ်နေ

Fri, 12/11/2020 - 12:55 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း တစ်တင်း လျှင်ကျပ် ၃၄၀၀၀ အထက်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင်လည်း ဈေးအတက်အကျမရှိပဲ ကျပ် ၃၄၀၀၀ ဝန်းကျင်တွင်ဆက်လက်တည်ရှိ နေသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျပ် ၃၄၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၃၄၂၀၀၊ ၅ ရက်နေ့တွင် ကျပ် ၃၄၀၀၀၊ ၆ ရက်နေ့တွင် ကျပ်၃၃၈၀၀၊ ၇ ရက်နေ့တွင် ကျပ်၃၄၀၀၀၊ ၈ ရက်နေ့တွင် ကျပ်၃၃၇၀၀၊ ၉ ရက်နေ့တွင် ကျပ်၃၃၄၀၀ အသီးသီးဖြစ် သည်။

          မြန်မာမတ်ပဲအဓိကတင်ပို့ရောင်းချသည့် အိန္ဒိယနိုင်ငံတွင်လည်း မြန်မာမတ်ပဲနှင့်ပဲစဉ်းငုံ များဈေးငြိမ်လျှက်ရှိပြီး မြန်မာမတ်ပဲ FAQ ကို ပဲခွဲစက်များက အဝယ်နည်းပါးခဲ့သောကြောင့် ဈေးနှုန်းကျဆင်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဘက်မှ ပဲတင်ပို့ရန် ကွန်တိန်နာခများဈေးတက်ခြင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း မတ်ပဲသစ်အဝင်များပြီး မတ်ပဲခွဲခြမ်းများအဝယ်နည်းပါးနေခြင်းတို့ကြောင့် မတ်ပဲဈေးတက်မလာပဲ ဈေးငြိမ်လျှက်ရှိကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန