Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတန်ချိန် လေးသောင်းကျော်တင်ပို့

Fri, 12/11/2020 - 15:17 -- journal_editor

နိုဝင်ဘာ ၂၈ ရက်မှဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၉၀၀ ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မြန်မာတရုတ် နယ်စပ်များ ဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၀၈၆၀ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၃၂၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၈၁၀ ကျော်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၅ ခန့် တင်ပို့နိုင်သဖြင့် ယခင် တစ်ပတ် ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ သည်။မြန်မာထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိဆန်မှုန့်တန်ချိန် ၁၆၄ခန့်တင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၆၀၆၀ ခန့်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၃၃ သန်းတင်ပို့နိုင်ခဲ့ ပါသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၂၀ ခန့်ပိုမိုပါသည်။

နိုဝင်ဘာ ၂၉ ရက်မှဒီဇင်ဘာလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၃၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၇၅၅၀ခန့် တင်ပို့နိုင် ခဲ့ကြောင်းသိရသည်။

တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၂၅၀ ခန့်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၃၀၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၈၈၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၉၃၀ခန့်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၅၂၀ခန့် စုစုပေါင်းတန်ချိန် ၉၄၅၀ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၂ဒသမ၉၅၂ သန်းသာတင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန်၄၈၀၀ကျော် လျော့နည်းခဲ့ပါသည်။

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၈၉၆၅ ကျော်ရှိသဖြင့် ယခင် တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်တန်ချိန်၁၃၃၀၀ကျော်လျော့နည်းခဲ့ကြောင်း သိရပါသည်။

 အေးအေးသန့်