Main menu

Background

ယခုတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၁၀၀၀၀၀ ကျော်၀င်

Fri, 12/11/2020 - 15:25 -- journal_editor

နို၀င်ဘာ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၉၅၆၀၅၂၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၅၈၈၁၇ ဒသမ ၅၉ တန်နှင့်  အမေရိကန်ဒေါ်လာ ၁၅၁၇၇၆၁၃ တန်ဖိုးရှိဓာတ်ဆီ ၄၄၃၉၉ ဒသမ ၇၃ ၊ စုစုပေါင်းဒီဇယ်၊ ဓာတ်ဆီ ၁၀၃၂၁၇ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၄၃၇၂၂ ဒသမ ၅၁ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်း မှုနှင့်နှိုင်းယှဉ်လျှင် ၁၅၀၉၅ ဒသမ ၀၈ တန် ၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၃၀၁၂၀ ဒသမ ၆၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၄၂၇၉ ဒသမ ၁၃ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့် ဓာတ်ဆီ အ၀င်ပိုခဲ့သည်။

သီတာဝင်း (DOT)