Main menu

Background

ပြည်မြို့၏ အခြေခံစားကုန် ဈေးနှုန်းများ

Wed, 10/12/2022 - 12:07 -- journal_editor

အောက်တိုဘာလ ပထမပတ်တွင် ပြည်မြို့နယ်၏ အခြေခံစား သောက်ကုန်ဈေးနှုန်းများမှာ ယခင်လက ဈေးမြင့်တက်နေသော်လည်း ယခုတစ်ပတ်တွင် ဈေးနှုန်းများအနည်းငယ် ပြန်ကျလာသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်လ က ကျပ် ၃၆၀ဝ၊ ယခုလတွင် ကျပ် ၃၃၀ဝ ဖြင့် အနည်းငယ် ကျဆင်းခဲ့သည်။ ငရုတ်သီးခြောက်အရှည်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၅၀ဝ  ကြက်သွန်ဖြူ (ကြူကုတ်)ဈေးမှာ ကျပ် ၅၀ဝ၀ မှ ၄၃၀ဝ သို့ အနည်းငယ်ကျဆင်းခဲ့သည်။ ရှမ်း ကြက်သွန်ဖြူမှာ ကျပ်  ၆၀ဝ၀ ဖြစ် သည်။  မန်ကျည်းမှည့် တစ်ပိဿာ ကျပ် ၄၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၅၀ဝ၀၊ သကြားတစ်ပိဿာ ကျပ် ၂၄၀ဝ ဈေးဖြင့် အကျမရှိဘဲ ဈေးငြိမ် နေသည်ကို တွေ့ရသည်။ စားအုန်းဆီမှာ ယခု တစ်ပတ်တွင် ဈေးများကျဆင်းလာရာ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ခန့်မှ ယခုလတွင် ကျပ် ၆၅၀ဝ ထိ ကျဆင်းလာသည် မြေပဲဆီမှာ တစ်ပိဿာ ၁၂၀ဝ၀ ကျပ်၊ နှမ်းဆီ တစ် ပိဿာလျှင် ကျပ် ၁၁၅၀ဝ ဖြင့် ဈေးများအနည်းငယ် ကျ ဆင်း လာကြောင်း သိရသည်။                                                           
  

  လွင်လွင်ဆန်း(ပြည်)