Main menu

Background

ယခုဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု မြင့်တက်ခဲ့

Tue, 11/07/2023 - 12:31 -- journal_editor

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်း ဆီ တင်သွင်းမှု မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် လယ်ယာ ကဏ္ဍဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း ပြည်တွင်းသို့  စားအုန်းဆီ ၂၉၄၄၅၇ တန် တင်သွင်းထားကာ ယင်းပမာဏသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန်၆၅၀ဝ၀ ကျော် ပိုမိုမြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီတန်ချိန် သုံးသိန်းနီးပါး တင်သွင်းမှု အတွက် နိုင်ငံခြားငွေ အသုံးပြုမှုအနေဖြင့်အမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၅၈ သန်းရှိပြီး    ပြီးခဲ့သည့်နှစ်ထက် အမေရိကန် ဒေါ်လာ ၃၈ သန်း‌ကျော်  လျော့နည်းခဲ့ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်သည် တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်ရှိသည့်အတွက်  မလေးရှားနှင့် အင်ဒို နီးရှားနိုင်ငံမှ အဓိကထား တင်သွင်းနေရခြင်းဖြစ်သည်။
လက်ရှိတွင် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း                 လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီရည်ညွှန်းဈေးကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ တစ် ပိဿာ ကျပ် ၄၅၇၀ သတ်မှတ်ပေးထားပြီး   ပြီးခဲ့သည့် ရက် သတ္တပတ်ထက် ၁၅၅ ကျပ် ကျဆင်းလာကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က စားအုန်းဆီ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးကို   တစ်ပိဿာ ၄၇၂၅ ကျပ် သတ် မှတ်ထားခြင်းဖြစ်ပြီး  ကော်မတီအနေဖြင့် စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့်   မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင် ဖြစ်ပေါ်နေသည့် င်္ဥြ   ဈေးနှုန်းများကို  နေ့စဉ် စောင့် ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ် များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍   ပြည်တွင်းဈေး ကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည် ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းဆု