Main menu

Background

ရွှေဈေး ကျပ် ၃၇ သိန်းဝန်းကျင်ရောက်ရှိ

Wed, 12/20/2023 - 11:07 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA) ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးကွက်ဈေးနှုန်းမှာ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်းမှသိရသည်။
ဒီဇင်ဘာ ၁၄ ရက်YGEA)  ၏ ဈေးကွက်အဖွင့်ဈေးသည် အကယ်ဒမီ မီးလင်း ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၆၉၉၁၀ဝ ဖြစ်ပြီး နေ့လယ်ပိုင်းတွင်တော့ တစ်ကျပ် သား ကျပ် ၃၇၀ဝ၉၀ဝ သို့ ဈေးမြင့်တက်လာကာ ညနေပိုင်းတွင် ကျပ်  ၃၆၉၇၃၀ဝ ဖြင့် ဈေးပိတ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၃၆၇၉၂၀ဝ ဖြင့် ဈေးဖွင့်ခဲ့သည်။
YGEA) အနေနှင့် ယခင်က ရည်ညွှန်းဈေးအဖြစ် ထုတ်ပြန်လျက်ရှိသည့် ရွှေ ဈေးနှုန်းကို ဘဏ်များအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်မှနေ၍ အရောင်း အဝယ်ဖြစ်မြောက်သည့် ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ကာ ဈေးကွက်ဈေးနှုန်း အဖြစ် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ပြောင်းလဲထုတ်ပြန်နေခြင်း ဖြစ်သည်။
ရွှေဈေးကွက်ဈေးနှုန်းက ပြည်တွင်းဘဏ်တွေရဲ့ အရောင်းအဝယ် ဖြစ်တဲ့ ဈေးနဲ့ပဲ တင်ထားတာ။ ဒေါ်လာဈေးတက်လာလို့ ဈေးက ကျပ် ၃၆ သိန်း၊ ၃၇ သိန်း ဖြစ်သွားတာပါ။ ကမ္ဘာ့ဈေးလည်း နည်းနည်းပြန်တက်လာတယ် ဟုYGEA)  ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။                                        

ပန်းဆု