Main menu

Background

ထိုင်းနိုင်ငံသို့ ထောပတ်သီး တန်ချိန် ၂၅၀ဝ ခန့်တင်ပို့နိုင်ရန် မျှော်မှန်း

Wed, 12/20/2023 - 11:50 -- journal_editor

လက်ရှိ ထောပတ်သီးရာသီအတွင်း ထိုင်း နိုင်ငံသို့    မြန်မာ့ထောပတ်သီး    တန်ချိန် ၂၅၀ဝ ဝန်းကျင်အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
ယခု ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီး   အများဆုံးတင်ပို့ရန် စီစဉ် ထားပြီး ျေံ ထောပတ်သီး   တစ်ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး ကျပ် ၆၀ဝ၀-၁၀ဝ၀ဝ အတွင်း ရရှိ ရန် မျှော်မှန်းထားကြောင်း အဆိုပါအသင်းအတွင်း ရေးမှူး  ဦးကျော်စိုးမင်းက  ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။
Hass ထောပတ်သီး ကြမ်းခင်းဈေးက ပြီးခဲ့ တဲ့ နိုဝင်ဘာမှာတော့ တစ်ကီလိုကို ငွေကျပ် ၄၀ဝ၀ လောက်ပဲ ရခဲ့တာ။ ဒါပေမဲ့  အခု ဒီဇင်ဘာကစလို့ ကြမ်းခင်းဈေး ကျပ် ၆၀ဝ၀ ကနေ ၁၀ဝ၀ဝ ကြား လောက် ရနိုင်တယ်၊ ဈေးကောင်းမယ်လို့ မျှော်လင့် ထားပါတယ် ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံသို့ ထောပတ်သီး တင်ပို့ရာတွင် လက်ရှိ၌ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး  လမ်း ကြောင်းမှ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ရှမ်းပြည် နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)နှင့်  မန္တလေးတိုင်း ဒေသကြီး၊   ပြင်ဦးလွင်မြို့နယ်တို့မှ   ထွက်ရှိသည့် ျေံ အမျိုးအစား   ထောပတ်သီးကို  အများဆုံး တင်ပို့‌လျက်ရှိကြောင်း သိရသည်။ 
“တာချီလိတ်မှာပဲ ပွဲစားကို ရောင်းလိုက်တဲ့ တောင်သူတွေလည်းရှိတယ်။ ထိုင်းဘက်ကို ဘန် ကောက်အထိ တင်ပို့တာလည်းရှိတယ်။  ထိုင်းကို ခုပို့နေပါပြီ။   အရင်နှစ်ထက်ပိုပြီး ပို့နိုင်မှာပါ”ဟု ဦးကျော်စိုးမင်းက ပြောသည်။
ထောပတ်သီးကို နှစ်စဉ် အောက်တိုဘာလ တွင် အသီးများ စတင်ခူးဆွတ်ကာ  နိုဝင်ဘာလ ကုန်ခန့်မှ စတင်၍ ထိုင်းသို့ တင်ပို့ခြင်းဖြစ်ပြီး ဇန်န ဝါရီလသည်  နောက်ဆုံးတင်ပို့ရသည့်ကာလဖြစ် ကာ   ပြီးခဲ့သည့်  ထောပတ်သီးရာသီက ထိုင်းသို့ ထောပတ်သီး တန်ချိန်  ၁၀ဝ၀ ကျော် တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ထောပတ်ပင်သည် စတင်စိုက်ပျိုး ပြီး သုံးနှစ်ကြာမှသာ အသီးသီးကာ ရောင်းချရခြင်း ဖြစ်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်ကာ  ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုး ကြောင်း သိရသည်။    ပြည်တွင်း၌  တစ်နှစ်လျှင်   ထောပတ်သီး  တန်ချိန် ၃၀ဝ၀ ခန့် ထွက်ရှိပြီး   ၉၀ ရာခိုင်နှုန်းကို ထိုင်းသို့  အဓိက တင်ပို့လျက်ရှိကာ ကျန်သည့် ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းစားသုံးမှု ရှိကြောင်း သိရသည်။

ပန်းဆု