Main menu

Background

ဆားရာသီတွင် မွန်ပြည်နယ်မှ ဆားတန်ချိန် ငါးသောင်းနီးပါးထွက်ရှိရန် မျှော်မှန်းထားဟုဆို

Mon, 01/01/2024 - 12:07 -- journal_editor

လက်ရှိ ဆားရာသီတွင် မွန်ပြည်နယ်မှ ဆားတန်ချိန် ငါးသောင်းနီးပါး ထွက်ရှိရန် မျှော်မှန်းထားကြောင်း သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ် ဆား လုပ်ငန်းဌာနခွဲမှ သိရသည်။ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ လာမည့် ၂၀၂၄ ခုနှစ် မေလကုန်အထိ ဆားရာသီတွင် ထွက်ရှိနိုင်မည့်စာရင်းကို ခန့်မှန်းထား ခြင်းဖြစ်ပြီး တန်ချိန် ၄၇၀ဝ၀ ခန့် ထွက်ရှိနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။ ]]ဒီလကုန်လောက်ဆို  ဆား အနည်းအကျဉ်း စထွက်ပါပြီ။ ဆားရာသီကတော့   ဒီဇင်ဘာလကနေစပြီး လေးလပိုင်း သင်္ကြန်မိုးရွာပြီး ခဏလောက်နားပြီးတော့  ဆက်ပြီး မရွာရင် ငါးလပိုင်းကုန်မှ စာရင်းချုပ်တယ်။ ဒီနှစ်ကတော့ တန်ချိန် လေးသောင်းခုနစ် ထောင်လောက်ထွက်ဖို့ မှန်းထားတယ်}}ဟု ၎င်းက ပြောသည်။
ယင်းပြည်နယ်တွင် ပြီးခဲ့သည့်   စက်တင်ဘာလက  ဆားကြမ်း တစ် ပိဿာလျှင် ငွေကျပ် ၁၇၀ နှင့် ၁၈၀ ဈေး  ရရှိခဲ့သော်လည်း လက်ရှိတွင် ဆား ကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၁၄၀ ခန့်သာရရှိကြောင်း ၎င်းက ပြောသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ထွက်ရှိသည့် ဆားကြမ်းနမူနာ  တန် ၂၀ ခန့်ပါရှိသော ကွန်တိန်နာတစ်လုံးကို ဂျပန်နိုင်ငံသို့ ကနဦး စမ်းသပ်တင်ပို့ထားပြီး တောင် ကိုရီးယားနိုင်ငံသို့လည်း တန်ချိန် ၄၀ ခန့် တင်ပို့ရန် ပြင်ဆင်နေကြောင်း ၎င်း က ပြောသည်။
]]ကျွန်တော်တို့ မွန်ပြည်နယ်က ဆားကွင်းတချို့ ထုတ်လုပ်မှုစရိတ် မြင့်မားလာပြီး ရပ်နားထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျန်ခဲ့တဲ့နှစ်ကလည်း ၈၉ ကွင်း၊   ဒီနှစ်လည်း ကွင်း ၉၀လောက် လိုင်စင်တင်ထားတာရှိပါတယ်။ စက်သုံးဆီစရိတ် မြင့်ပေမယ့် မရပ်ပါဘူး။ ဆီဈေးနှုန်းတွေ  တက်နေတယ် ဆိုပေမယ့် သူတို့နည်းသူတို့ဟန်နဲ့ အဆင်ပြေအောင် ကြိုးစားနေကြပါတယ်}} ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်းဧကပေါင်း   ၄၅၀ဝ ကျော်မှ ဆားတန်ချိန် ၅၀ဝ၀ဝကျော်ထွက်ရှိကာ ဒီဇင်ဘာလတွင် ဆားအသစ် ပုံမှန် ထွက်ရှိကြောင်း သိရသည်။ အဆိုပါပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းကို  သံဖြူဇရပ် မြို့နယ်ရှိ ပင်ကျေးရွာ၊ ကရုပ္ပိကျေးရွာ၊ စက်စဲကျေးရွာနှင့် ကျိုက္ခမီမြို့၊ ပေါင်မြို့ နယ် ထန်းပင်ချောင်းရွာနှင့်  ရေးမြို့နယ်  ပလိုင်ကီးကျေးရွာတို့တွင် အဓိက လုပ်ကိုင်ကြကြောင်း သိရသည်။

ပန်းဆု