Main menu

Background

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် နနွင်းများ စတင်တူးဖော်နေပြီး ဈေးကောင်းရနေ

Mon, 02/05/2024 - 10:00 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ် ထက်ဈေးပိုရနေကြောင်း နနွင်း စိုက်တောင်သူများထံမှ သိရသည်။ ကျောက်ဆည်ခရိုင် တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို နွေရာသီ ဆည်ရေရရှိချိန်တွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့ နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ  ကျပ် ၁၂  သိန်းမှ ၁၅ သိန်းခန့်ထိ ကုန်ကျ၍ မြေအမျိုးအစားလိုက် သွင်းအားစုအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
တစ်ဧကအထွက်နှုန်းမှာ နနွင်းအစို ၂၅ တင်းဆံ့ လှည်း ရှစ်စီးမှ ၁၀ စီးအထိထွက်ရှိ၍ တင်း ၂၀ဝ မှ ၂၅၀ ရကြောင်း၊ နနွင်းတက် လှည်းတစ်စီးကို အခြောက်ခံလျှင်  နနွင်းအခြောက်  ပိဿာချိန်  ၇၀ ထွက်ရှိ၍ တစ်ဧကလျှင် အခြောက်ပိဿာချိန် ၅၆၀ မှ ၇၀ဝ ထိရကြောင်း၊ မြေဆီနှင့် မြေသြဇာထည့်မှုအပေါ် တွင်မူတည်၍  အထွက်နှုန်း ကွာခြားကြောင်း၊ ပွဲစားများမှ နနွင်းအစို လှည်းတစ်စီးလျှင် ကျပ် ၃၂၀ဝ၀ဝ၊ နနွင်းခြောက် ပိဿာချိန် တစ်ရာလျှင် ကျပ် ၆၅၀ဝ၀ဝ ပေး၍ ဝယ်ယူနေ ကြောင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သားပွဲရုံများနှင့် မန္တလေးပွဲရုံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပ နိုင်ငံများသို့ တင်ပို့မှုရှိကြောင်း မြစ်သားမြို့နယ် ပေတော ကျေးရွာ နနွင်းစိုက်တောင်သူထံမှ သိရသည်။
ယခင်နှစ်က နနွင်းအစို ၂၅ တင်းဆံ့ လှည်းတစ်စီးလျှင် ကျပ် ၂၀ဝ၀ဝ၀ သာရရှိကာ ယခု နှစ်တွင် ကျပ် ၃၂၀ဝ၀ဝ ထိ ရရှိပြီး နနွင်းခြောက်ပိဿာချိန် ၁၀ဝ လျှင်  ယခင်နှစ် ကျပ် ၄၀ဝ၀ဝ၀ ရရှိပြီး ယခုနှစ် တွင် ကျပ် ၆၅၀ဝ၀ဝ ထိရရှိကြောင်း၊ ယခုနှစ်တွင် ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ် ရရှိ ကြောင်း ၊နနွင်းသီးနှံသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ရှိပြီး ဝင်ငွေကောင်း သည့်  သီးနှံဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း နနွင်းစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

 

မြင့်မြင့်လှိုင်