Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၂၃၀ ကျော် အရောင်းအဝယ်ဖြစ်

Mon, 02/05/2024 - 10:46 -- journal_editor

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်မှ ၃၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၈၃၄၀ဝ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၂၃၈ ဒသမ ၉၂ သန်းရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစု ရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ် ယာ ၆၆၅၀ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၇ ဒသမ ၈၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၄၂၃၀၇ စောင် ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂၂ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၅၄၃၆ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃ ဒသမ ၄၆ သန်း၊ ပထမပုဂ္ဂလိကဘဏ် ((FPB) က အစုရှယ်ယာ ၈၁ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ဝ ဒသမ ၆၄ သန်း ရရှိခဲ့သည်။ ထို့အတူTMH Telecom Public (TMH)  က အစုရှယ်ယာ ၁၃၇၈ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၄၄ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၃၄၁၉ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၅၆ သန်းရရှိခဲ့သည်။                                                                        

 

ပန်းဆု