Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေး

Mon, 03/04/2024 - 10:45 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလစတုထ္ထပတ် တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေး မှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၂၄၀ဝ၊  ကြံ့တံဆိပ်(အဖြူ)   ကျပ် ၁၀ဝ၀ဝ၊  ကြံ့ တံဆိပ် (အပြာ) ကျပ် ၁၀၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး   မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိ နေကာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ 
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ ၅၀ kg ပါ တစ်အိတ် ကျပ် ၁၁၅၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ ၅၀ kg  ပါတစ်အိတ် ကျပ် ၁၁၀ဝ၀ဝ၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ ၅၀ kg ပါတစ်အိတ် လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) ၅၀ါု  ပါတစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) ၅၀ kg  ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊  ပိုတက်(အာမို)  ၅၀ kg  ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ပိုးသတ် ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝခခ ပါ တစ်ပုလင်းလျှင် ကျပ် ၃၁၀ဝ၊  မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၅၀ဝခခ ပါ တစ်ပုလင်းလျှင် ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင် များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန် ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3 တစ်ပေါင်လျှင် ကျပ်၁၈၀ဝ၊ RSS-5  တစ် ပေါင်လျှင် ကျပ် ၁၆၅၀ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက် မှ မတ်လ ၁ ရက်ထိ ရော်ဘာဈေးနှုန်းမှာ ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၁၈၀ဝ၊  ျွှ-၅  တစ်ပေါင်လျှင် ကျပ် ၁၇၀ဝ ပေါက်ဈေး ဖြစ်ပေါ်နေပြီး ယခင်တစ် ပတ်  ဈေးနှုန်းနှင့်  နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၄၀ ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ပြည်နယ် အတွင်း   အရောင်းအဝယ်ဖြစ်သည့်  ရော်ဘာ ထွက်ကုန် ပစ္စည်းအများစုမှာ  TSR,Crump Rubber များအား ပြုပြင်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်းဆောင်ရွက်ပြီးRSS-3 အား ပြည်တွင်း ရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှု  ပုံစံဖြင့်လည်း ကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ်များကို လုပ်သားစရိတ်  လျှော့ချနိုင်ရေးအတွက် TSR    စက်ရုံများသို့ ပေးပို့ရောင်းဝယ်မှုများရှိကြောင်း သိရှိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ် ယူခ နှုန်းထားမှာ (၅၀ kg) ပါ တစ်ထုပ်လျှင် ကျပ် ၁၇၅၀၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၃၅၀ဝ၀ ဖြင့် လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ 50 kg)ပါ တစ်ထုပ်လျှင် ကျပ် ၂၇၅၀၊ ရော်ဘာ တစ် တန်လျှင်  ကျပ် ၅၅၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေး ရကြောင်း  ရော်ဘာကုန်သည်များထံမှ သိရသည်။

 

အောင်မြင့်မြတ်(မွန်)