Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမို

Wed, 10/26/2022 - 15:54 -- journal_editor

၂၀၂၂ ခုနှစ်  အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၇၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၂သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိ ကန် ဒေါ်လာ ၃ ဒသမ ၆၂၁သန်းဖြစ်ပြီး ကာလတူဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၉သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၄၃ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဆန်၊ လက်ဖက် ခြောက်၊ ဝဥ(ခြောက်)၊ ဆန်ကွဲ၊  ရော်ဘာSMR 20၊ ရော်ဘာ အဆင့် (၂)၊ ရော်ဘာ အဆင့် (၃) ၊ နှံစားပြောင်း၊ ဝဥ (အစို) တို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် လူသုံးကုန်အုပ်စု တွင် လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအုပ်စုနှင့် လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ပိုမိုခဲ့ခြင်းကြောင့်  ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ ကြောင်းသိရသည်။                                                                                                                                   

အိမ့် (DOT)