Main menu

Background

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ် စီမံကိန်း၏ တံတားဆက်ခြင်းအခမ်းအနား ပြုလုပ်

Tue, 04/25/2023 - 14:15 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးခရိုင် ကွမ်းလုံ မြို့နယ် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ွမညေအ ဗှီု အကူအညီဖြင့် တည်ဆောက် လျက်ရှိသော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ်စီမံကိန်း၏ တံတားဆက်ခြင်း အခမ်းအနားကို ဧပြီ  ၁၂ ရက် မွန်းလွဲ၂ နာရီတွင် စီမံကိန်းဧရိယာ ကွမ်းလုံဘက်ခြမ်း ချဉ်းကပ်လမ်း ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာဘက်မှစစ်ဗျူဟာအဖွဲ့ (အခြေချ) (ကွမ်းလုံ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းထွန်း၊ တံတား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ် များ၊ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကွမ်းလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ချင်းရွှေဟော်မြို့ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ Project Manager Oriental Highway Co.,ltd ၊ ဌာနဆိုင်ရာများနှင့် ကွမ်းလုံမြို့မှ မြို့မိ မြို့ဖများ တက်ရောက်ခဲ့ သည်။
တရုတ်နိုင်ငံဘက်မှ လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယ အတွင်းရေးမှူးချုပ်  Mr.Yin Wenjiang  ၊ လင်ချန်းမြို့ စီးပွား ရေးနှင့် ကုန်သွယ်ရေးညွှန်ကြားရေးဌာန ညွှန်ကြားရေးမှူး Mr.Zhou Yongzhi နှင့် အဖွဲ့ဝင်  ၁၈ ဦး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသော နှစ်နိုင်ငံ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ အပြန် အလှန် မိတ်ဆက်ခြင်း၊ တံတားဆောက်လုပ်ရေးဌာနမှ စီမံ ကိန်းအခြေအနေ အကျဉ်းချုပ်အားရှင်းလင်းခြင်း၊ လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယအတွင်းရေးမှူးချုပ်Mr.Yin Wenjiang  က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်က ကျေးဇူးတင် စကားပြောကြားခြင်း၊ လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယ အတွင်းရေးမှူးချုပ်Mr.Yin Wenjiang  က တံတားကြီးနှစ်ဖက် အား ချိတ်ဆက်ကြောင်းကြေညာခြင်း၊ အခမ်းအနား အောင် မြင်စွာပြီးဆုံးကြောင်း  ကြေညာခြင်းတို့အား  ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ  ရိုက်ကူး၍ အခမ်းအနား ပြီး ဆုံးခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း