Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှုအခြေအနေ

Wed, 05/10/2023 - 11:17 -- journal_editor

ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလအတွင်း  ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀ဝ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၄ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂ ဒသမ ၁၆ ရာခိုင်နှုန်း  ဆောင်ရွက်နိုင်ခဲ့သည်။   ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်  အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၈၂  သန်း၊ သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၄၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ အနီး စပ်ဆုံးကာလဖြစ်သော မတ်လ လုပ်ငန်းဆောင်ရွက်မှုနှင့်နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉၉၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၁၂ သန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန် သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၁၀ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။  
ကော့သောင်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလနှင့် ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရာတွင် ၆၅/၃၅ ရာခိုင်နှုန်းမူအရ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သည့် ရေယာဉ်များ လျော့နည်း သွားခြင်း၊ ငါးအထိအမိနည်းခြင်း၊ ငါးမဖမ်းရကာလကို ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သတ်မှတ်ထားခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် တရားမဝင် ကုန်သွယ်မှုများကို ပင်လယ်ပြင်တွင် ထိရောက်စွာ တားဆီး နိုင်မှုမရှိခြင်း၊  သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့်  လျော့နည်းရခြင်းဖြစ်သည်။                            

အိမ့် (DOT)