Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်း၏ အမယ်သစ်ပို့ကုန် ခဲမဖြူ

Tue, 11/07/2023 - 12:05 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးတွင် ဓာတ်သတ္တုဖြစ်ထွန်းမှုအနေဖြင့် ခဲမဖြူနှင့် အဖြိုက်နက်ကို ထားဝယ်၊ ပုလော၊ ပုလောက်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသများ၊ ကျောက်မီးသွေးကို ထားဝယ်၊ မေတ္တာ၊ ဘန်း ချောင်းဒေသ၊ တနင်္သာရီ၊ ခေါမပြင်နှင့် သဘော့လိပ်ကြီး၊ မောတောင်ဒေသ၊ ဘုတ်ပြင်း၊ လေညာ၊ ကရသူရိ ဒေသ များ၊ ဂေါ်ဒန်ကို ထားဝယ်  အယူးချောင်းဒေသ၊ စိန်ကို တနင်္သာရီ သိန္ဓောဒေသ၊ ဇာကွန်သဲနှင့် မှန်ချက်သဲကို ဘုတ်ပြင်း၊  ကမ်းရိုးတန်းဒေသများ၊ ထုံးကျောက်ကို တနင်္သာရီ သရဘွင်၊ သိန်းခွန်နှင့် မြိတ်ကျွန်းစုဒေသများ၊ မင်းဂနီးစ်ကို မြိတ်ကျွန်းစု၊ ပါဝယ်ကျွန်းဒေသ၊ ရွှေကို ကော့သောင်းမြို့နယ်၊ ရာဆယ်ကျွန်းဒေသ၊ သံကို ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်ဒေသများ၊ အလှဆင်ကျောက်ကို မောင်းမကန်၊ ထားဝယ်၊ မြိတ်ကျွန်းစုဒေသများ တွင် တွေ့ရှိနိုင်သည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့  Iron Ore  တင်ပို့ခဲ့မှု အခြေအနေ
    စဉ်    ဘဏ္ဍာနှစ်         ကုန်သွယ်မှုတန်ချိန်    ကုန်သွယ်မှုတန်ဖိုး(ဒေါ်လာသန်း)
    ၁။    ၂၀၁၈-၂၀၁၉           ၆၇.၈၇၂    ဝ.၆၆၇
    ၂။    ၂၀၁၉-၂၀၂၀           ၈၁.၃၁၂    ဝ.၆၁၂
    ၃။    ၂၀၂၀-၂၀၂၁           ၁၃.၄၄၀    ဝ.၁၁၂
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူလိုင်လ၌  ွှငာ ခသညခနညအမအေန တန်ချိန်  ၄၁ ဒသမ ၉၄၆  တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ  သုည ဒသမ ၅၂၀ သန်းကို ထိုင်းနိုင်ငံသို့ အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့သည်။  ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမည်သစ်ပို့ကုန် သတ္တုတွင်းထွက်ပစ္စည်းများ ဆက်လက်တင်ပို့နိုင်ရေး ကုန်သည်လုပ်ငန်းရှင် များအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                  

 

ကော့သောင်းကုန်သွယ်ရေးစခန်း