Main menu

Background

မြန်မာ-ထိုင်းကုန်သွယ်မှုမှတစ်ဆင့် မြန်မာ-ထိုင်း-လာအို-တရုတ်ကုန်သွယ်မှုဗဟိုဌာန ဖြစ်လာစေရေး

Tue, 11/07/2023 - 12:26 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ် ယန်းကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေး တွင် တည်ရှိသည်။ 
တာချီလိတ်မြို့သည် တစ်ဖက်  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် ထိစပ်လျက်ရှိပြီး    ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက်ကုန်များ အား ထိုင်းနိုင်ငံနှင့်လည်းကောင်း   မြန်မာနိုင်ငံအလယ်ပိုင်း ထွက် ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ပြောင်း  စသည်တို့အား တရုတ်နိုင်ငံ နှင့်လည်းကောင်း ကုန်သွယ်မှုဆောင်ရွက်လျက်ရှိသည်။         မဲခေါင်မြစ်တစ်လျှောက် မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိသည့် ဝမ်ပုံရွာသည် တာချီလိတ်-ဝမ်ဆန်ဖူး ကားလမ်းပေါ်တွင် တည်ရှိ ပြီး တာချီလိတ်မြို့မှ  ၁၈ မိုင်အကွာတွင် တည်ရှိသည်။ ဝမ်ပုံအပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းသည် တာချီလိတ်ကုန်သွယ်ရေးစခန်း စတင် ဖွင့်လှစ်စဉ်ကတည်းကပင် တရုတ်နိုင်ငံသို့  ရေကြောင်းလမ်းမှ တစ်ဆင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိသော   ဆိပ်ကမ်းဖြစ်သည်။ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် မဲခေါင်မြစ်ကြောင်းအတိုင်း တရုတ်နိုင်ငံ ကျင်းဟုန်ဆိပ်ကမ်း ၊ ထိုင်းနိုင်ငံ ကျင်းဆန်ဆိပ်ကမ်းများသို့  ကုန် သွယ်မှုဆောင်ရွက်နိုင်သည်။
တာချီလိတ်နှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်မှုတွင် ဘဏ်စနစ်ဖြင့် အသုံးပြု၍ ဆောင်ရွက်လျက်ရှိသည်။ ဘတ်ငွေအသုံး ပြု၍ ၂၀၂၂ ခုနှစ် မေ ၁ရက်နေ့မှ စတင်၍လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ယွမ် ငွေကြေးအသုံးပြု၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ စတင်၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် အဓိကပို့ကုန်ပစ္စည်းများမှာ  ပြောင်း၊ ကြက် သွန်ဖြူ၊ ရော်ဘာ၊  ကြက်သွန်နီ၊ ကော်ဖီစေ့၊ သတ္တုနှင့် သတ္တု ရိုင်းများဖြစ်ကြပြီး အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေနှင့်  ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ် သည်။ 
အလားအလာရှိသော ပို့ကုန်အမယ်များဖြစ်သည့် လက်ဖက် ခြောက်၊ ထောပတ်သီး အစရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ ကိုလည်း တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး တစ်ဆင့်ခံကုန်သွယ် မှုစနစ် (Transit Trade) အား  မူဝါဒချမှတ် အကောင်အထည်ဖော် နိုင်ပါက  အခြေခံအဆောက်အဦများ အဆင်သင့်ရှိသော တာချီ လိတ်    ကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်း-လာအို-တရုတ် ကုန်သွယ်မှုဗဟိုဌာန ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြအပ် သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း