Main menu

Background

ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် နိုဝင်ဘာ ၁ ရက်မှ ၁၂ ရက်ထိ ကုန်သွယ်မှုအခြေအနေ

Mon, 11/20/2023 - 11:18 -- journal_editor

ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ကုန် သွယ်မှုလျာထားချက်မှာ ပို့ကုန်  အမေရိကန်ဒေါ်လာ ၃  သန်းနှင့် သွင်းကုန်  ၁ ဒသမ ၅၀ဝ သန်းဖြင့် စုစုပေါင်း  လျာ ထားချက်ဒေါ်လာ ၄ ဒသမ ၅၀ဝ သန်းဖြစ်သည်။
နိုဝင်ဘာ  ၁၂ ရက်အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်  ၁ ဒသမ ၁၈၄ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၈၀၈ ဒေါ်လာသန်း၊ စုစု ပေါင်း  ၁ ဒသမ ၉၉၂  ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက်အပေါ်  ၄၄ ဒသမ၂၆၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သည်။  နိုဝင်ဘာလ  ၇ ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီးနှင့် နှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး သွင်း ကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်း သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာ ၁ ရက်မှ  ၁၂  ရက်ထိ ကုန်ပစ္စည်း အမယ်လိုက် တင်ပို့/ တင်သွင်းမှု အခြေအနေမှာ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ၇ ရက်အထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် ၂၅၃၀ ယွမ်/ ၃၄၅ ဒသမ ၉၈ ဒေါ်လာတို့ဖြင့် တန်ချိန်  ၃၁၆၇ တန်၊ တန်ဖိုး  ၁ ဒသမ ဝ၉၈ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။  အများဆုံး သွင်းကုန်ပစ္စည်းများမှာ  ှုမသည ှ့နနအ ှုမသည ဏငစန ဗမအင်ငခငေူ ွမျေ ၊ ပန်းသီး ၊ လိမ္မော်သီး၊ ဃနမောငခ ွှငူန နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန်  ၁၂၈ တန်၊ တန်ဖိုး   သုည ဒသမ၂၄၄ ဒေါ်လာသန်း ၊ လုပ်ငန်းသုံး ပစ္စည်း တန်ချိန်  ၃၆၆  တန်၊ တန်ဖိုး သုည ဒသမ ၃၀၂ ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန်  ၂၆၆ တန်၊ တန်ဖိုး သုည ဒသမ၂၆၁ ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့သည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန် များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့်  သွင်းကုန်ပစ္စည်းများအတွက် ကုန် ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင်ယာဉ်များ ဖြင့်သာ တင်ပို့၊ တင်သွင်းခြင်းဖြစ်သည်။  ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်း ကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန် တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

 

ကံပိုင်တည်ကုန်သွယ်ရေးစခန်း